Connect with us

Hi, what are you looking for?

သတင်း

ခြေမြန်တပ်ရင်း(၇၀၃)မှ တပ်သားနှစ်ဦး လက်နက်များယူလာပြီး မန္တလေး PDFထံ အလင်းဝင်

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၃)(ခမရ−၇၀၃)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

ဓာတ်ပုံ − MDY PDF

မေ ၄၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၃)(ခမရ−၇၀၃)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

အဆိုပါတပ်သားနှစ်ဦးသည် သေနတ် နှစ်လက် ၊ ကျည်ဆံ ၊ လက်ပစ်ဗုံးများယူလာပြီး မေလ ၂ ရက်က အလင်းဝင်လာခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက ဓာတ်ပုံမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကို စွန့်ခွာ၍ အလင်းဝင်ရောက်လိုသူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ လက်ခံကြိုဆိုပြီး အသက်အာမခံချက် အပြည့်အဝပေးအပ်သွားမည့်အပြင် ဆုငွေများပါပေးအပ်ချီးမြှင့်သွားမည်ဟု ယင်းအဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ