Connect with us

Hi, what are you looking for?

သတင်း

ခြေမြန်တပ်ရင်း(၇၀၃)မှ တပ်သားနှစ်ဦး လက်နက်များယူလာပြီး မန္တလေး PDFထံ အလင်းဝင်

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၃)(ခမရ−၇၀၃)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

ဓာတ်ပုံ − MDY PDF

မေ ၄၊၂၀၂၅။သတိုး/People’s Spring

စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ်(၇၀၃)(ခမရ−၇၀၃)တပ်ရင်းမှ တပ်သားနှစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်သည်။

အဆိုပါတပ်သားနှစ်ဦးသည် သေနတ် နှစ်လက် ၊ ကျည်ဆံ ၊ လက်ပစ်ဗုံးများယူလာပြီး မေလ ၂ ရက်က အလင်းဝင်လာခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက ဓာတ်ပုံမှတ်တမ်းနှင့်အတူ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ကို စွန့်ခွာ၍ အလင်းဝင်ရောက်လိုသူများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ လက်ခံကြိုဆိုပြီး အသက်အာမခံချက် အပြည့်အဝပေးအပ်သွားမည့်အပြင် ဆုငွေများပါပေးအပ်ချီးမြှင့်သွားမည်ဟု ယင်းအဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDFရဲ့ စိုးမိုးနယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်လို့ ပြည်သူတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ ဒီကနေ့ (နိုဝင်ဘာ ၁၀ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။