Connect with us

Hi, what are you looking for?

သတင်း

မန္တလေး နှင့် ပြင်ဦးလွင်ကြား​ဒေသအချို့ မိုး​ကောင်းပြီး ​ရေကြီး

မန္တလေး၊ပြင်ဦးလွင်နယ်စပ်နေရာများ၌ မိုးသည်းထန်စွာရွာသွန်းပြီး‌နောက်ဆည်တော်လေးဆည်ရေ နှင့် ဒုဌဝတီမြစ်ရေလျှံ၍ ကျေးရွာအချို့ ရေကြီး​ရေလျှံခဲ့သည်။

​မေ-၄၊၂၀၂၅။ဇော်ရမ်း/People’s Spring

မန္တလေး၊ပြင်ဦးလွင်နယ်စပ်နေရာများ၌ မိုးသည်းထန်စွာရွာသွန်းပြီး‌နောက်ဆည်တော်လေးဆည်ရေ နှင့် ဒုဌဝတီမြစ်ရေလျှံ၍ ကျေးရွာအချို့ ရေကြီး​ရေလျှံခဲ့သည်။

“မိုးက ရွာတာငါးရက်ရှ်ိပြီ။မနက်ဆိုသည်းသည်းမဲမဲရွာတယ်။ နေ့ခင်းဆိုတိတ်တယ်။ ဒီနေ့မနက်ကြ ပိုသည်းပြီး ရေတွေဝင်လာတာ” ဟု မန္တလေးနှင့်ပြင်ဦးလွင်ကြားအုန်းချောရွာမှ ဒေသခံတစ်ဦးကပြောသည်။

အုန်းချောရွာအပြင် ဆည်တော်ရွာ၊ဂိုက်တန်းရွာတို့၌လည်း ရေဝင်ပြီးဒေသခံများရေဘေးကြုံနေသည်။

Public Service Announcement

Public Service Announcement

“အရင်လိုမဟုတ်ဘူး။မိုးရွာတာနဲ့ တောင်ကျ‌ရေးပြိုဆင်းလာတာ”ဟု ဂိုက်တန်းရွာဒေသခံတစ်ဦးကလည်းပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်၊ ပုသိမ်ကြီးမြို့တို့၌ ပုံမှန်ထက် မိုးရေချိန်များခဲ့သည်။

ယခုရက်ပိုင်းရာသီဥတုအခြေအနေအရ ဒေသအများအပြားတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပြီး ရေဘေးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ‌ပေးထားသည်။

https://www.facebook.com/LuduNwayOo/videos/1195802545257296

ရုပ်သံ-​ဒေသခံအချို့

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။