အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုအား ကောင်းနေသည့် စစ်ကိုင်းတိုင်းတွင် လက်လုပ်လက်နက် ကြီး စမ်းသပ်ထုတ်လုပ်နေကြောင်း Monywa Ranger Group က ယနေ့(နိုဝင်ဘာ ၉ ရက်) အသိပေးထုတ်ပြန်သည်။
“မိဘပြည်သူများ၏ ထမင်းနဲ့ဟင်းကို စားပြီး မိဘပြည်သူများအား အပြည့်အဝ ကာကွယ်နိုင်ရန်ကျနော်တို့ Rangerများ နေ့မနား၊ ညမနား ကြိုးစားနေလျက်ရှိသည်”ဟု ၎င်းတို့က ဆိုသည်။

ထို့အပြင် ယနေ့ နံနက် အစောပိုင်းက မုံရွာမြို့ မအူမုဒ်ပေါက်ရှိ ကင်းတဲကို အဖွင့်မိုင်း ၁၀ လုံးဖြင့် Monywa Ranger Group နှင့် Chindwin Attack Force ခရိုင် တပ်ရင်း(၂)တို့မှပူးပေါင်း တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သေဆုံးထိခိုက်မှုကို မသိရှိရသေးပေ။

Public Service Announcement
အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း အထူးစစ်ဆင်ရေးများဖြင့် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံစစ်ကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးနေသည်။


















































