Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တွင်စစ်​ရှောင်များခိုလှုံနေသည့် ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀​ကျော်ဒဏ်ရာရ

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

စစ်တပ်က ဗန်း​မော်မြို့ကမ်းနားရိပ်သာဘုန်းကြီးကျောင်းအား ​မေ ၈ ရက်ည​နေပိုင်းတွင် ​လေ​ကြောင်းမှ ဗုံးကြဲ၍ မီးခိုးလိပ်ကြီးထွက်​နေစဥ်။ဓါတ်ပုံ- စစ်​ကောင်စီတယ်လီဂရန်ချန်နယ်

​မေ-၈၊၂၀၂၅။ကဖေး/People’s Spring

ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေစဉ်ဒေသခံပြည်သူ၄၀၀ကျော်ခိုလှုံနေသည့်ဘုန်းကြီးကျောင်းကို စစ်ကောင်စီကယနေ့ (မေလ ၈ရက်)လေကြောင်းမှ ဗုံးကြဲသောကြောင့် စစ်ရှောင် ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိခဲ့​ကြောင်း ဗန်း​မော်မြို့တိုက်ပွဲသတင်းများ​ဖော်ပြ​ပေး​နေ​သော Banmaw Scout Team နှင့်​ဒေသခံအချို့က​ပြောသည်။

ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းအား ​မေလ ၈ ရက်ညနေ ၅နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့်နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ကြောင်းသိရသည်။

“တိုက်ပွဲဖြစ်တော့ဒီကျောင်းမှာစုပြီးနေကြတာ။ကျွန်မတို့အမျိုးတွေလည်းပါတယ်။စုစုပေါင်း၄၀၀ကျော်တယ်။အဲဒီကျောင်းကိုမှတည်ပြီးပစ်သွားတာ။ သေဆုံးတဲ့ထဲမှာ ကလေးတချို့ပါတယ်။နေရာပြောင်းနေကြရတယ်”ဟု စစ်ဘေးရှောင်နေသည့် ဗန်းမော်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကမ်းနားရိပ်သာဘုန်းကြီး​ကျောင်းတွင်စစ်​​ဘေး​ရှောင်​နေ​သောပြည်သူ၁၅ဦးထက်မနည်းသေဆုံးပြီး ၃၀ကျော် ဒဏ်ရာသွားကြောင်း ဒေသတွင်း စစ်ရေးသတင်းများဖော်ပြပေးနေသည့် Banmaw Scout Team က သတင်းထုတ်ပြန်ထားသည်။

Kyaw Swar အပါအဝင်စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်ချန်နယ်များက ကမ်းနားရိပ်သာဘုန်းကြီး​ကျောင်းကို ဗုံးကြဲသည်ကို ဒရုန်းဖြင့်ရိုက်ကူးထား​သော ဗီဒီယိုဖိုင် အတိုတင်၍ KIA နှင့် PDF များရှိ​သော​နေရာကိုဗုံးကြဲသည်ဟု ဝါဒဖြန့်ချီထားကြသည်ကို​တွေ့ရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူး​ပေါင်းတပ်များသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာလ၄ရက်နေ့တွင်စတင်ခဲ့ပြီး ယနေ့အထိ တိုက်ပွဲများဆက်လက်ပြင်းထန်စွာဖြစ်ပွားနေသည်။ စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး​နောက် KIA က ရက်​ပေါင်း ၂၀ ကြာယာယီအပစ်ရပ်ခဲ့သည်။ အပစ်ရပ်ကာလပြီးဆုံးပြီး​နောက် ဧပြီ ၂၅ ရက်မှစ၍ ဗန်း​​မော်မြို့ကို အပြီးသတ်သိမ်းပိုက်ရန် KIA နှင့်ပူး​ပေါင်းတပ်များကထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

KIA နှင့်ပူး​ပေါင်းတပ်များက ​စစ်တပ်၏တင့်ကားတပ်ရင်းများ ၊ ဗန်း​မော်​လေဆိပ် အပါအဝင် စခန်းများ ၊တပ်ရင်းများစွာကိုသိမ်းပိုက်နိုင်ပြီဖြစ်​သော်လည်း စစ်တပ်၏ အဓိက ခံစစ်တပ်ရင်းများ၊ဌာနချုပ်များဖြစ်​သော စကခ ၂၁ နှင့် ခလရ ၄၇ တို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။ ယခုတကြိမ်ထိုးစစ်တွင် စကခ ၂၁ ၏ ကာကင်းများ ၊ထိုဝန်းအတွင်းရှိ​နေရာအချို့ကိုပါ သိမ်းပိုက်ထားပြီး အပြီးသတ်သိမ်းပိုက်ရန်ထိုးစစ်ဆင်​နေသလို စစ်​ကောင်စီကလည်း တိုက်​လေယာဥ်ဖြင့် ဗုံးကြဲခြင်း ၊ဒရုန်းဖြင့်ဗုံးကြဲခြင်းတို့ဖြင့် အပြင်းအထန်ခုခံ​နေသည်။

မြို့ခံအများအပြားထွက်ပြေးတိမ်း

ရှောင်သွားသော်လည်း အခြား​ဒေသသို့ စစ်​ဘေး​ရှောင်ရန်​ငွေ​ကြေးချို့တဲ့သူများ ၊ ​အခြား​ဒေသသို့မသွားလိုသူများသည် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေကြရသည်။

​မေလ ၈ ရက်လေကြောင်းတိုက်ခိုက်မှုသည် စစ်ရေးပစ်မှတ်မဟုတ်သည့်နေရာကို တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားများ သေဆုံးမှုအတွက် စစ်ကောင်စီတာဝန်ခံရမည်ဟု KIA နှင့် နီးစပ်သော သတင်းရင်းမြစ်ကပြောသည်။‌ လေကြောင်းတိုက်

ခိုက်မှုကြောင့်ဘုန်းကြီးကျောင်းပျက်စီးသွားပြီးကျန်ရှိ‌သောစစ်ရှောင်၃၈၀‌ကျော်ကိုKIA နှင့်မဟာမိတ်များကဘေးလွတ်ရာနေရာသို့ပို့ဆောင်ခဲ့သည်ဟုသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook