Connect with us

Hi, what are you looking for?

သတင်း

ပျောက်ဆုံးနေသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်ကထိကဆရာမမှာ ရခိုင်လူမျိုးဖြစ်၍ စစ်ကောင်စီက ပြစ်မှုကျူးလွန်သည့်ပုံစံဖန်တီးနေဟု AAပြော

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကဆရာမတစ်ဦးပျောက်ဆုံးနေမှုမှာ စစ်ကောင်စီက တာဝန်ယူမှုမရှိဘဲ ရခိုင်လူမျိုးဖြစ်နေ၍ ပြစ်မှုကျူးလွန်သည့်ပုံစံဖန်တီးနေကြောင်း အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။

ဆရာမဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာတက္ကသိုလ်ဂိတ်ပေါက်မှ ထွက်ခွာသွားသည်ကို CCTVမှတ်တမ်းမှ တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

■ကထိကဆရာမ AAထံရောက်လာခြင်းမရှိဘဲ စုံစမ်းနေဟုဆို

မေ ၁၅၊၂၀၂၅။ဒီဒီး၊သတိုး/People’s Spring

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကဆရာမတစ်ဦးပျောက်ဆုံးနေမှုမှာ စစ်ကောင်စီက တာဝန်ယူမှုမရှိဘဲ ရခိုင်လူမျိုးဖြစ်နေ၍ ပြစ်မှုကျူးလွန်သည့်ပုံစံဖန်တီးနေကြောင်း အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လူထုနွေဦးသို့ ပြောသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်သည် မေလ ၇ရက်တွင် ဌာနနှင့် အဆက်အသွယ်ပြတ်သွားပြီး ဖြစ်စဉ်အားစစ်ဆေးမှုများအရ ဆားလင်းကြီး PDF၏ ချိတ်ဆက်ကူညီမှုဖြင့် AAထံ သွားရောက်ခြင်းဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ထုတ်ပြန်ပြောဆိုမှုနှင့်ပတ်သက်ပြီး AAက ကန့်ကွက်ပြီး အဆိုပါ ကတိကဆရာမမှာ ၎င်းတို့ထံ ရောက်ရှိလာခြင်း မရှိကြောင်း ဦးခိုင်သုခက ပြောသည်။

” အထူးသဖြင့်ကတော့ ဆရာမဟာရခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အဲဒီ့ဆရာမပျောက်ပြီဆိုတာနဲ့ စစ်ကောင်စီက သူတို့ ဘာမှ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲနဲ့ လက်လွတ်စပယ် ရခိုင်ဆိုလို့ရှိရင်တော့ AAကိုသွားပြီဆိုတဲ့ ပုံစံမျိုးနဲ့ စွပ်စွဲပြီးတော့ အဲဒီလိုမျိုးထုတ်ပြန်ထားတာတွေ့ရတယ်။ တစ်ဖက်မှာလည်း သူ့ရဲ့ကျန်ရှိနေခဲ့တဲ့ မိသားစုတွေကို သူတို့အရေးယူ အပြစ်ပေးလို့ရအောင်နေပြီးတော့မှ လမ်းဖွင့်ထားတဲ့သဘောမျိုးလည်းတွေ့ရတယ်။‌ ပြောရမယ်ဆိုရင်တော့ အခု ရန်ကုန်မှာရှိနေ‌တဲ့ရခိုင်တွေရော စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ရခိုင်တွေက ပြောရမယ်ဆိုရင်‌ တော့ ရခိုင်ဖြစ်ချင်းသည်ပင်လျှင် ပြစ်မှုတစ်ခုကို ကျူးလွန်ထားတဲ့ ပုံစံမျိုး စစ်ကောင်စီကနေ ဖန်တီးလုပ်ဆောင် အရေးယူနေတာတွေတွေ့ရတယ်ဗျ”ဟု ဦးခိုင်သုခက ပြောသည်။

ဆရာမပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး AAက စုံစမ်းနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

” အဲဒီ့ဖြစ်စဉ် ကျွန်တော်တို့ကလည်း အွန်လိုင်းပေါ်မှာ တက်လာမှပဲသိတာပါ။ ဒါ့ကြောင့်မိုလို့ ဒီဆရာမ တကယ် ဘာဖြစ်သွားသလဲ။ ဘယ်နေရာရောက်နေလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း ဆက်လက်ပြီးတော့ စုံစမ်းနေတာတွေရှိပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

ဆရာမဒေါ်ဝင်းဝင်းအောင်သည် ငလျင်ဒဏ်သင့် မန္တလေးတိုင်းမှ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား အနီးကပ်သင်ကြားရေးအတွက် မေလ ၁ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်မှစတင်၍ အထက(၂)၊ ပျော်ဘွယ်၌ သင်ကြားပို့ချမှုများ စတင်ခဲ့ကြောင်း၊မေလ ၇ ရက် နံနက်၅နာရီ ၄၅ နာရီခန့်တွင် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့ မထွက်ခွာမီ မိတ်ဆွေများနှင့်တွေ့ဆုံရန်ဟုဆိုကာ ထွက်သွားပြီး တာဝန်ကျနေရာသို့ ပြန်ရောက်မလာ၍ ဆက်သွယ်သော်လည်း မရခဲ့ကြောင်း၊ ည ၉နာရီ ၃၀ခန့်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ gmail သို့ “Your Mon Condition is ok. After Little Checking, and will free” ဟုပေးပို့လာခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆရာမဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုအား စိစစ်ရာ မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် နံနက် ၅နာရီ ၄၇မိနစ်ခန့်တွင် အိတ်အသေး တစ်လုံးနှင့်အတူ မိတ္ထီလာတက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှ ထွက်ခွာသွားပြီး တက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားကာ ၇နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ကားပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။

AAနှင့် ကြိုတင်ဆက်သွယ်ခဲ့ပြီး မေလ ၇ ရက်တွင် ဆားလင်းကြီး PDF၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် AA ထိန်းချုပ်နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီ နိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက စွပ်စွဲဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။