Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှု ရလုနီးပါး ဖြစ်နေပြီလို့ ထရမ့်ပြော

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက် ရရှိဖို့ အရမ်း နီးနီးစပ်စပ် ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

AP

အီရန် နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီချက် ရရှိဖို့ အရမ်း နီးနီးစပ်စပ် ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဆွေးနွေးနေတဲ့ အကြောင်းအရာ အတော်များများနဲ့ ပတ်သက်လို့ အီရန် အစိုးရဖက်က သဘောတူညီတဲ့ အရိပ်အယောင်တွေ ပြသထားကြောင်း ထရမ့်က မေလ ၁၅ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။

အီရန်နဲ့ ရေရှည် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်သွားဖို့အတွက် အမေရိကန်က အလေးအနက် ဆွေးနွေးနေတယ်လို့ လောလောဆယ် အရှေ့အလယ်ပိုင်း ခရီးစဉ် သွားရောက်နေတဲ့ ထရမ့်က ဆိုပါတယ်။

ညှိနှိုင်းမှုတွေမှာ အရမ်းအရေးကြီးတဲ့ ရွေးစရာ ခြေလှမ်း နှစ်ခုရှိကြောင်း၊ တစ်ခုက အင်မတန် ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်ပြီး နောက်တစ်ခုက အကြမ်းပတမ်း ခြေလှမ်းဖြစ်ကြောင်း၊ ဒါပေမဲ့သူက ဒုတိယနည်းကို မသုံးချင်ကြောင်း ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို ရွေးစရာ မလိုလောက်အောင် အခြေအနေတွေက နီးစပ် တိုးတက်နေတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး နီးစပ်တဲ့ အီရန်ဖက်က သတင်းရင်းမြစ် တစ်ဦးကတော့ ဆွေးနွေးမှုတွေမှာ အမြင်ကွာဟတဲ့ အပိုင်းတွေ ရှိနေဆဲလို့သာ မှတ်ချက်ပြုထားပါတယ်။

အီရန်နဲ့ အမေရိကန်ကြား အီရန်နျူကလီးယား သဘောတူညီမှု ရရှိဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းကြောင့် ရေနံစျေးက အကျဖက် ဦးတည်လာခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ အီရန် နျူကလီးယား ထိန်းချုပ်ရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေ စေလွှတ် ဆွေးနွေးနေခဲ့ကြတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိုမန်မှာ ဆွေးနွေးမှုတွေ ပြီးစီးခဲ့ပြီးတဲ့နောက် အခြေအနေတွေ တိုးတက်ခဲ့ပြီး နောက်ဆက်တွဲ တွေ့ဆုံမှုတွေအတွက် စီစဉ်ထားကြောင်း နှစ်ဖက်စလုံးက ပြောပါတယ်။

အီရန်က နျူကလီးယား နည်းပညာကို စွမ်းအင်ကဏ္ဍအတွက် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုဖို့ပဲ ရည်ရွယ်တယ်လို့ ပြောထားပေမယ့် အမေရိကန်နဲ့ အစ္စရေးတို့ကတော့ အီရန်က လက်နက်တွေ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ စွပ်စွဲထားပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ဦးဆောင်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ အီရန်နဲ့ နျူကလီးယား ထိန်းချုပ်ရေး သဘောတူညီမှုတစ်ခု ရယူနိုင်ခဲ့ဖူးပေမယ့် ထရမ့်က သူ့ရဲ့ ပထမ သမ္မတ သက်တမ်းအတွင်းမှာ အဲဒီ သဘောတူညီမှုကနေ နုတ်ထွက်ခဲ့ပါတယ်။

လက်ရှိ ဆွေးနွေးနေမှုတွေနဲ့ ပတ်သက်လို့တော့ အီရန် အာဏာပိုင်တွေက နိုင်ငံအပေါ် အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် ထရမ့်ရဲ့ အစိုးရနဲ့ သဘောတူညီမှုတစ်ခု ရရှိဖို့ လိုလားကြောင်း အရိပ်အမြွက် ပြောကြားထားခဲ့ကြပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန် အမျိုးသမီးရဲ့ မိသားစုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Trending

Facebook