Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမှာ ​မေ ၁၇ ညမှာလှုပ်ခဲ့တဲ့ငလျင်မြင်ကွင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

မေ-၁၇၊၂၀၂၅/People’s Spring

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ကျောက်ဆည်မြို့ရဲ့ အနောက်တောင်ဘက် ၁၃ မိုင်ခန့်အကွာ မြေအနက် ၆ မိုင်ခွဲခန့်ကို ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစ​ကေး ၅.၂ ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာပါ။

ငလျင်လှုပ်ချိန်မှာ အိမ် နဲ့ တိုက်ခန်း​တွေမှာတပ်ဆင်ထားတဲ့ CCTV ​တွေက ငလျင်လှုပ်​နေချိန် မြင်ကွင်း​တွေကို မှတ်တမ်းတင်ထားတာမှာ ငလျင်လှုပ်တာဟာ စက္ကန့် ၂၀ ​ခန့်ကြာပြီး ​ဘေးတိုက်လှုပ်ခတ်တဲ့အပြင် အထက်​အောက်လှုပ်ရှားတဲ့ ပုံစံကိုလည်း မြင်​တွေ့ရပါတယ် ။

Public Service Announcement

Public Service Announcement

https://www.facebook.com/watch/?v=710384918311677&rdid=le7GXgt8fmSJpzVK

စစ်ကိုင်းငလျင်ကြီးမှာ ဆိုးရွားစွာပျက်စီးခဲ့တဲ့ မန္တလေးမြို့မှာလည်း ဒီငလျင်လှုပ်တာကို သိသိသာသာခံစားခဲ့ရတာမို့ ပြည်သူ​တွေ လမ်းပေါ် ပြေးဆင်းခဲ့ရပါတယ်။

ဒီငလျင်ကြောင့်မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်အတွင်းမှာဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲကျတဲ့အတွက် ငလျင်သင့် ဒုက္ခသည် ကလေးတဦး နဲ့ လူကြီးတဦး ပိမိပြီး​သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူမှုကူညီရေးအသင်းက ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကလေးကော လူကြီးပါ သေဆုံးသွားခဲ့တယ်လို့ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)က ထုတ်ပြန်ပါတယ်။

စက္ကန့် ၂၀ ခန့်ကြာလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ စိုးရိမ်ထိတ်လန့်ပြီးနေအိမ်တွေ ၊ တိုက်ခန်းတွေပေါ်ကနေ လမ်းပေါ် ပြေးထွက်ခဲ့ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။

“အရှိန်ကလည်းပြင်း ကြာလည်းကြာတော့ လူတွေအကုန်လမ်းပေါ်ရောက်ကုန်ကြတာ”လို့ မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ်မှာနေထိုင်တဲ့မြို့ခံအမျိုးသမီးက ပြောပါတယ်။

အခု​မြေငလျင်ဟာ စစ်ကိုင်းငလျင်ကြီးရဲ့​နောက်ဆက်တွဲငလျင်ဖြစ်ပါတယ်။ငလျင်ကြီးလှုပ်ပြီးတာတစ်လ​ကျော်ကြာ​တဲ့တိုင် ​နောက်ဆက်တွဲ​မြေငလျင်​တွေ မကြာခဏလှုပ်ခတ်​နေတာဖြစ်ပါတယ်။

​မေ ၁၇ ရက်ည လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ စစ်ကိုင်း ငလျင်ကြီးအပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေအနက် အသိသာဆုံးခံစားရတဲ့ ငလျင်လည်းဖြစ်တယ်လို့မြို့ခံအချို့က ​ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။