Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၀)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ DDMSC

မေ ၂၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၂၀)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း မြိုင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီတို့ပူးပေါင်းပြီး လူငယ်တွေကို ကျားမအခြေပြုအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို မျှဝေဆွေးနွေးခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း သပိတ်ဦးဆောင်သူတို့က အကြမ်းဖက် စစ်ကောင်စီမှ ပြည်သူတွေကို အဓိကထား လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတာကြောင့် ဒေသခံပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကာကွယ်နေထိုင်နည်း၊ စက်တပ် လေထီး (Paramotor)မှ ကာကွယ်ရန် နည်းလမ်းတို့ကို လိုက်နာကျင့်သုံးစေဖို့ ဟောပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြို့နယ်အတွင်းရှိ သတင်းဘုတ်တွေမှာလည်း လေကြောင်းအန္တရာယ်ကာကွယ်ရေးစာစဉ် ကပ်ခြင်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

တနင်္သာရီ​တိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်ကောင်စီတပ်​၏ Mytel ဆင်းကတ် မသုံးစွဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် တခြား ဆက်သွယ်ရေးလိုင်းများ အသုံးပြုလို့ ရနေပါလျက် စစ်ကောင်စီတပ်​၏ Mytel ကို သုံးစွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြန်ရှိလာလို့ အခုလို လှုပ်ရှားမှု ပြုလုပ်ရခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ စစ် အာဏာရှင် တွေ အာဏာဆက်လက်ရယူထားနိုင်ခြင်းဟာ Mytel ကဲ့သို့သော စစ်တပ်ကို ဘဏ္ဍာငွေရှာဖွေပေးနေတဲ့ စီးပွားရေးထောက်တိုင်တွေ တည်တံ့ဆဲရှိနေခြင်းကြောင့် ဖြစ်တဲ့အတွက် တခြား ဆက်သွယ်ရေးအော်ပရေတာတွေကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်တဲ့ ဒေသမှာ Mytel ဆက်လက်အသုံးပြုနေမှုအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း DDMSCက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။