Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မိုးများလို့ ငလျင်ကြောင့် ပြိုလက်စ အဆောက်အဦးတစ်လုံး ထပ်မံပြိုကျ

မန္တလေးမြို့မှာ မိုးများလို့ ​ငလျင်ကြောင့် ပြိုလက်စ အဆောက်အဦးတစ်လုံး ထပ်မံ ပြိုကျခဲ့ပါတယ်။

ပြိုနေသော တိုက်အား တွေ့ရစဥ်။ဓာတ်ပုံ-မဏီစလ

မေ ၂၁၊ ၂၀၂၅။မေရီ၊မေ/People’s Spring

မန္တလေးမြို့မှာ မိုးများလို့ ​ငလျင်ကြောင့် ပြိုလက်စ အဆောက်အဦးတစ်လုံး ထပ်မံ ပြိုကျခဲ့ပါတယ်။

ဒီကနေ့ မေလ (၂၁)ရက် မနက် ၂နာရီခန့်က မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မဟာအောင်မြေမြို့နယ်၊ ပဲပုတ္တန်းရပ်၊ ၈၉လမ်း၊ ၃၇ လမ်းနဲ့ ၃၇ လမ်းကြားမှာရှိတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျထားတဲ့အဆောက်အဦး ထပ်မံ ပြိုကျခဲ့တယ်လို့ မဏီစလလူမူကူညီရေးအသင်းက အသိပေးပါတယ်။

ပြိုနေသော တိုက်အား တွေ့ရစဥ်။ဓာတ်ပုံ-မဏီစလ

ပြိုကျခဲ့တဲ့အ​ဆောက်အအုံဟာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်မှု​ကြောင့် ​အောက်​ခြေတိုင်​တွေဟာ အ​တော်​လေးကျိုး​နေတာလို့​ဒေသခံ​တချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မိုးများတယ်။ လေရောမိုးရောကြမ်းတာ။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

တိုက်ပြိုကျမှု​ကြောင့် လူထိခိုက်မှုမရှိဘဲ အနီးဝန်းကျင် လူနေအိမ်တွေကတော့ လူမှုကူညီရေးအသင်းအကူအညီနဲ့ အမြန်ရွှေ့ပြောင်းခဲ့ရတယ်လို့ ကူညီရေးအသင်းနဲ့ဒေသခံတွေက ပြောပါတယ်။

အနီးပတ်ဝန်းကျင်ကအိမ်ထောင်စု ၆စုကို နီးစပ်ရာ ဆွေမျိုးတွေ အိမ် နဲ့ ပဲပုတ္တန်းဓမ္မာရုံထဲကို ပြောင်းရွေ့ခဲ့တယ်လို့သိရပါတယ်။

မေလ (၁၇)ရက်နဲ့ (၁၈)ရက်ကလည်းနောက်ဆက်တွဲငလျင်နဲ့ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် သစ်ပင်တွေလဲပြီး မဟာအောင်မြေမြို့နယ်မှာ သားအဖနှစ်ဦးသေဆုံးကာ အမရပူရမြို့နယ်မှာ နေအိမ် (၃)လုံး ပျက်စီးခဲ့ပါတယ်။

မန္တလေးမြို့မှာ ငလျင်ဒဏ်ကြောင့် ပြိုပျက်အဆောက်အအုံ လေးထောင်ခန့်ရှိပြီး ငွေကြေးနဲ့ စက်ယန္တရားမလုံလောက်မှုကြောင့် မဖြိုရသေးတဲ့အဆောက်အအုံတွေများစွာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

Facebook