Connect with us

Hi, what are you looking for?

သတင်း

ချင်းညီနောင်ဖွင့်လှစ်မည့် စနိုက်ပါသင်တန်း တော်လှန်ရေးရဲဘော်များ တက်ရောက်နိုင်

ချင်းညီနောင်မှ ကြီးမှူးကျင်းပမည့် စနိုက်ပါသင်တန်းသို့ တက်ရောက်လိုသူများ ဆက်သွယ်နိုင်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) က ယနေ့(မေလ ၂၁ရက်)တွင် ထုတ်ပြန်သည်။

CNO/CNDFမှ စနိုက်ပါ ရဲဘော်နှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ − Valeria Mongelli Photography

မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းညီနောင်မှ ကြီးမှူးကျင်းပမည့် စနိုက်ပါသင်တန်းသို့ တက်ရောက်လိုသူများ ဆက်သွယ်နိုင်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF) က ယနေ့(မေလ ၂၁ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ သင်တန်းကို ချင်းအမျိုးသားအဖွဲချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ(CNO/CNDF)၏ စိုးမိုးနယ်မြေတစ်နေရာတွင် ယခုနှစ် ဇွန်လ ၉ရက်မှ သြဂုတ် ၉ရက်အထိ (၂)လကြာ ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု ဆိုသည်။

” ဒီဟာက ကျနော်တို့ချင်းညီနောင် အဖွဲ့သားများသာမက ဘယ်သူမဆို တော်လှန်ရေးမှာ ပါဝင်တဲ့ မည်သူမဆို တက်ရောက်ခွင့်ရှိပါတယ်။ရဲဘော်အသစ်တွေပဲ မဟုတ်ဘဲနဲ့ အခြား ရဲဘော်ဟောင်းတွေလည်း တက်ရောက်ချင်တယ်ဆိုလို့ရှိရင်လည်း တက်ရောက်လို့ရပါတယ်”ဟု ချင်းညီနောင် စစ်ရေးကော်မတီအတွင်းရေးမှူးဖြစ်သူ CNO/CNDF ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

Public Service Announcement

Public Service Announcement

ယခု သင်တန်းကျင်းပရခြင်းမှာ ချင်းညီနောင်ရဲဘော်များ၏ စွမ်းရည်မြှင့်တင်ရန် ဖြစ်သည်ဟု ပြောပြသည်။

” အဓိကတော့ အရင်တုန်းကတော့ ရဲဘော်တွေက အခြေခံ သင်တန်းတက်တယ်။ တက်ပြီးတော့ သူတို့ ဝါသနာအလိုက်ပေါ့လေ။ လက်ဖြောင့်တဲ့သူကသင်တန်းတွေဘာတွေ သိပ်မတက်ဘဲနဲ့ စနိုက်ဘာကိုင်တယ်ပေါ့လေ။ ဒါပေမဲ့ အခုကတော့ အဲဒီလို မဟုတ်ဘဲနဲ့ သင်တန်းဆရာကလည်း တကယ့်ကောင်းတဲ့သူဖြစ်တယ် နိုင်ငံတကာမှာသွားနေတဲ့သူတွေပေါ့လေ။ ဒီလိုမျိုးလူတွေက သင်ပေးမှာ ဖြစ်တယ်”ဟု ဆလိုင်းတင်မီက ပြောသည်။

ခိုင်မာကျစ်လစ်သည့် စနိုက်ပါ ဂရုတစ်ခုဖြစ်ရေး ဖန်တီးနေခြင်းဖြစ်ပြီး နောင်တွင်လည်း ဒရုန်း သင်တန်းကဲ့သို့သော လိုအပ်သည့် သင်တန်းများ ထပ်မံဖွင့်လှစ်သွားမည်ဟု အသိပေးသည်။

ချင်းညီနောင်က ဖွင့်လှစ်မည့် စနိုက်ပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် +918798798312 Signal သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

CNO/CNDF သည် ဖလမ်းမြို့နယ်အတွင်း အဓိက အခြေချသည့် တပ်ဖြစ်ပြီး ၎င်းအပါအဝင် ချင်းညီနောင် အဖွဲ့ဝင်များနှင့်မဟာမိတ်များသည် ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေးမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ခွာစစ်ဆင်ခဲ့ရပေမယ့် ပိုမိုကောင်းမွန်တဲ့ ပိုမိုကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဒီကနေ့ ဧပြီ ၁၅ရက် သင်္ကြန်အကြတ်နေ့မှာ တိုက်ပွဲတွေဆက်ရှိနေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။