ထီးချိုင့်ဆေးရုံရှေ့၌ ယနေ့ နံနက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်ကလေးဦးသေဆုံးပြီးအများအပြား ဒဏ်ရာရရှိသွားကြောင်းထီးချိုင့် PDFကသတင်းထုတ်ပြန်သည်။
ယနေ့(နိုဝင်ဘာ ၁၀)နံနက် ၁၀နာရီ၁၀မိနစ်ကထီးချိုင့်မြို့ပြင် ဆေးရုံသစ်ရှေ့တွင်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သတင်းထုတ်ပြန်သည်။
” အုံးခနဲ့ နှစ်ချက် အကျယ်ကြီး ကြားရတာ။ ချနေကြပြီ” ဟု မြို့ခံတစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကိုမြို့ပြမုဆိုး PDF အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းထီးချိုင့် PDFကသတင်းထုတ်ပြန်ထားသည်။

Public Service Announcement
ဒေသခံများအနေဖြင့် အရေးကြီးကိစ္စမရှိဘဲပြင်ပသို့မထွက်ခွာကြရန်လည်း ထီးချိုင့် PDFက မေတ္တာရပ်ခံထားသည်။


















































