Connect with us

Hi, what are you looking for?

သတင်း

ရာမညမွန်တပ်တော်ကို မဟာမိတ်အဖြစ်သတ်မှတ် ပူးပေါင်းဆောင်ရွက်မည်ဟု TNLA ထုတ်ပြန်

မွန်လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းဖွဲ့စည်းလိုက်သည့် ရာမညမွန်တပ်တော်(RMA)ကို ဘ၀တူ တော်လှန်ရေး မဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေးရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)မှ တာဝန်ရှိသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - MLA

မေ ၂၅၊၂၀၂၅။ထားမြတ်/People’s Spring

မွန်လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ပေါင်းဖွဲ့စည်းလိုက်သည့် ရာမညမွန်တပ်တော်(RMA)ကို ဘ၀တူ တော်လှန်ရေး မဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေးရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA တို့သည် မေလ ၂၄ရက်တွင် ပေါင်းစည်းကာ ရာမညမွန်တပ်တော် ဖွဲ့စည်းထူထောင်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့ ဖွဲ့စည်းနိုင်မှုအပေါ် မွန်ပြည်သူလူထုနှင့်အတူ လှိက်လှဲစွာ ကြိုဆိုဂုဏ်ပြုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦး-PSLF/TNLA ၏ သဘောထားထုတ်ပြန်ခဲ့ပြီး မွန်လူမျိုးတိုအတွက် တခုတည်းသော ရာမညမွန်တပ်တော်ကို ပေါင်းစပ် ထူထောင်လာသည်မှာ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်း ပေါ်ရောက်ရှိလာခြင်းပင်ဖြစ်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယနေ့ မြန်မာပြည်သူလူထုတရပ်လုံးအား ဆိုးရွားစွာဖိနှိပ်သတ်ဖြတ်နေသည့် မြန်မာစစ်ခေါင်းဆောင်တို၏ စစ်အာဏာရှင်ယန္တယားကို ပြည်သူတရပ်လုံးက သက်ဆိုင်ရာဒေသအသီးသီးတွင် ရရာလက်နက်ကိုင်စွဲပြီး တော်လှန်တိုက်ခိုက်နေကြရာ အဖိနှိပ်ခံပြည်သူလူထုကြီး၏ အမြင့်ဆုံးသော တော်လှန်ရေးကာလ အခြေအနေ သိုရောက်ရှိလာပြီဖြစ်သည်ဟု TNLA၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာပြည်ရှိ မွန်၊ ဝ၊ တအာင်း တိုပါဝင်သည့် မွန်-ခမာ မျိုးနွယ်စုတိုသည် မိမိတိုသက်ဆိုင်ရာ လူမျိုးများကို စည်းရုံးကာ မိမိတို၏ နယ်မြေဒေသနှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရည်အချင်း ပြည့်ပြီး ခိုင်မာအားကောင်းသည့် လက်နက်ကိုင်တပ်ဖွဲကို ကျစ်လစ်သိပ်သည်းစွာဖွဲစည်းလုပ်ဆောင်ရန် အထူး လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

RMA ဖွဲ့စည်းကြောင်း ကြေညာချက် ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက မွန်တပ်နှစ်ဖွဲ့ ပေါင်းစည်းရခြင်း အဓိက အကြောင်းအရင်းမှာ ဘုံရန်သူစစ်အာဏာရှင်နှင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်ရန်ဖြစ်သည်ဟု မေလ ၂၄ရက်တွင် ပြောထားသည်။

“နောက်ပြီးတော့ ကျနော်တို လိုလားနေတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အ၀ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေးအတွက် စုစုစည်းစည်းပေါင်းစည်းပြီးမှ အတူတကွ လုပ်ဆောင်နိုင်ဖို တိုက်ပွဲဝင်နိုင်ဖိုအတွက် ကျနော်တို ဒီလိုနှစ်ဖွဲက ပေါင်းစည်းခြင်းဖြစ်ပါတယ်”ဟု နိုင်ကောင်းစကားက ပြောသည်။

ကျန်နေသည့် မွန်တပ်များနှင့်လည်း ပေါင်းစည်းရေးဆွေးခဲ့ကြောင်း၊ ပေါင်းစည်းနိုင်ရေးလမ်းဖွင့်ထားဆဲဖြစ်ပြီး လက်ရှိတွင်လည်း မြေပြင်၌ စစ်ရေး အတူပူးပေါင်းဆောင်ရွက်မှုရှိကြောင်း နိုင်ကောင်းစကားက ပြောသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေး အတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ ရာမညမွန်တပ်တော် (NMSP(AD)/RMA)တို့သည် အဖိနှိပ်ခံ ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲအစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။