မေ-၂၅၊၂၀၂၅။ဆဏ်း/People’s Spring
ဂျပန်နိုင်ငံ တိုကျိုမြို့မှာပြုလုပ်တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာရောက်အားပေးသူ ခုနစ်ထောင်ကျော်ရှိခဲ့ပြီး ပရိသတ်တွေစိတ်ကျေနပ်ရတဲ့ ဖျော်ဖြေပွဲဖြစ်ခဲ့ပါတယ်။
“ဒီနေ့သေမယ်ဆိုရင်တောင်သေပျော်ပါပြီ ဆာကူရာမြေ “လို့ ဖြူဖြူကျော်သိန်းက ဖျော်ဖြေပွဲနဲ့ပတ်သက်ပြီး သူမခံစားမှုကို ရေးသားထားပါတယ်။
Phyu Phyu in Japan ပွဲကို မေလ ၂၅ ရက်မှာ တိုကျိုမြို့က Keio Arena Hall မှာပြုလုပ်ခဲ့တာပါ။

Public Service Announcement
“မြန်မာနိုင်ငံမှာ ဖြူဖြူကျော်သိန်းဆိုတဲ့ အနုပညာရှင်ရှိနေတာ အရမ်းကိုတန်ဖိုးရှိလွန်းတယ်။ နောက်ပြီး ဒီနေ့ Phyu Phyu in Japan Show ကိုလာရောက်ခဲ့ကြတဲ့ လူအယောက်ပေါင်း ခုနစ်ထောင်ဆီကို တော်လှန်သွေးသစ်ထပ်ပြီး အဖောက်ခံရတဲ့နေ့လို့ ပြောလို့ရတယ်။ ” လို့ ဒီပွဲကိုသွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီပွဲကလာ ကြည့်ရကျိုးနပ်ခဲ့တဲ့ ပွဲဖြစ်ပြီး စင်ပေါ်က အနုပညာရှင် ငိုရင်လိုက်ငို ၊ ရယ်ရင်လိုက်ရယ်ခဲ့ရတယ်လို့ နောက်ထပ်ပရိသတ်တစ်ဦးက ပြောပါတယ်။
“ကိုယ့်မြန်မာတွေအများကြီးတွေ့ရတော့ မြန်မာပြည် ပြန်ရောက်သလိုအိမ်ပြန်ရောက်သလိုမျိုး
ခံစားလိုက်ရတယ် ဖျော်ဖြေတင်ဆက်မှုတွေ ပရိတ်သတ်အားပေးမှုတွေက ကြက်သီးပါထမိတယ်ဗျာ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ဆိုပါတယ်။
ဖြူဖြူကျော်သိန်းက မြေပြင်ကို ထောက်ပို့နိုင်ဖို့ ရည်ရွယ်ချက်နဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေကို အနုပညာကြေးမယူပဲ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လိုက်လံဖျော်ဖြေနေတာပါ။
ဖြူဖြူကျော်သိန်းရဲ့ ပထမဆုံးပွဲကို လန်ဒန်မြို့မှာ ပြုလုပ်ခဲ့ပြီး ဒုတိယပွဲကိုတော့ ကိုရီးယားနိုင်ငံ၊ တတိယနဲ့ စတုတ္ထပွဲကိုတော့ ဩစတေးလျနိုင်ငံက ဆစ်ဒနီ နဲ့ မဲလ်ဘုန်းမြို့တွေမှာ တစ်ကိုယ်တော်ပွဲ နှစ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲပြီးရင် သူမရဲ့ ကျန်းမာရေးအခြေအနေအရ တစ်ကိုယ်တော်ပွဲ ပြုလုပ်တာတွေကို ခဏရပ်နားထားဦးမှာဖြစ်တယ်လို့ ဖြူဖြူကျော်သိန်းက အသိပေးထားပါတယ်။





















































