Connect with us

Hi, what are you looking for?

သတင်း

စလင်းမြို့နယ်တွင် ၁၃ရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုရှိ

စစ်ကောင်စီတပ်က ပြည်သူခြောက်ဦးသတ်ဖြတ်ပြီး နေအိမ် ၄၀၀ကျော် မီးရှို့ဖျက်ဆီး

နယ်မြေရှင်းလင်းစစ်ဆေးနေသည့် စလင်းပကဖ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - စလင်း ပကဖ

မေ ၂၇၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ၁၃ရက်ကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ထိခိုက်မှုများရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ-စလင်းက ယနေ့(မေလ ၂၇ရက်) ထုတ်ပြန်သည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်း သည် ဒေသခံပြည်သူများ​၏ နေအိမ် ၄၀၀ကျော် မီးရှို့ဖျက်ဆီးကာ အသက်(၅၀)နှင့်အထက် ပြည်သူခြောက်ဦး သတ်ဖြတ်ခဲ့​ကြောင်း ဖော်ပြသည်။

စလင်းမြို့နယ်တွင် မေလ ၁၃ရက်မှ မေလ ၂၅ရက်အထိ ၁၃ရက်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဥ်များအရ ယခု မေလ ၁၃ရက်က ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)နှင့် မကွေးမြို့အခြေစိုက် တပ်မ(၈၈)လက်အောက်ခံ ခလရ (၂၅၃၊၂၅၄နှင့်၂၅၅)တပ်ရင်းများဖြင့် စုဖွဲ့လာသည့် စစ်ကောင်စီစစ်ကြောင်းသည် အနောက်ကန်ဘောင်ကျေးရွာ ဝမ်းပြည့်-အောက်လှိုင်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းနှင့် အောက်လှိုင်း-ပိန္နဲပင်- ငါးလင်ပန်း ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းတို့နှင့် မေလ ၂၅ရက်အထိ နေ့စဥ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“၁၅၀ကျော်လို့ သိရတယ်။လင်းဇင်းစခန်းမှာလည်း ကျန်ခဲ့ပြီး တဝက်ကအနီးနား ရွာဘက်ကိုပြန်ဆုတ်တယ်သိရတယ်”ဟု စလင်းပကဖ တာဝန်ခံ ကိုအောင်ဆန်းက မြို့နယ်တွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်၏ နောက်ဆုံးအခြေအနေကို ရှင်းပြသည်။

စလင်းမြို့နယ်တွင် မကြာခဏ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းကာ မြို့ကို ကာကွယ်ရန်ဟု ၎င်းက သုံးသပ်သည်။

မေလ ၂၁ရက်တွင် စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာနှစ်စီးဖြင့် လေကြောင်းပစ်ကူရယူကာ စလင်းမြို့နယ် ချောင်းတောင်ဘက်ခြမ်းမှ မြောက်ဘက်ခြမ်းရှိ ဂွေးကုန်းရွာနှင့် ငါးသန်းခေါင်းကျေးရွာသို့ စစ်ကြောင်းတစ်ကြောင်းသည် ထနောင်းကုန်းကျေးရွာသို့ ဝင်ရောက်ခဲ့ကြောင်းအသိပေးသည်။

မေလ ၂၂ရက်တွင် ထနောင်းကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲသည့် စစ်ကောင်စီတပ် စစ်ကြောင်းအား စလင်းပကဖနှင့် ဗမာ့တပ်တော် သည် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် သည် ဂွေးကုန်းကျေးရွာသို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဂွေးကုန်းကျေးရွာကို ထပ်မံပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သည် သေဆုံးမှုများခဲ့ပြီး လေယာဥ်နှစ်စီးဖြင့် ပစ်ကူပေး၍ တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲ ၁၁ရက်မြောက်နေ့ မေလ ၂၃ ရက်တွင်စစ် ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စနေချောင်းကျေးရွာ ဝင်ရောက်စဥ် တော်လှန်ရေးတပ်များနှင့် ပြင်းထန်သည့်ထိတွေ့တိုက်ပွဲ နှစ် ကြိမ်ဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် စနေချောင်း၊ရွှေကူနှင့် ပန်းပြင်ကျေးရွာတို့၌ တပ်ဖြန့်အထိုင်ချ၍ စနေချောင်းကျေးရွာကို မီးရှိုခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အိုးသည်ကျေးရွာအား စစ်ကြောင်း နှစ်ခုခွဲဝင်လာသည့် မေလ ၂၄ ရက်တွင် မဟာမိတ်တပ်ပေါင်းစုများသည် ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အထိအခိုက်သေဆုံးဆုံးမှုများရှိပြီး YENATHAR COLUMN မှရဲဘော်တစ်ဦးကျ၍ စလင်း ပကဖ ရဲဘော်တစ်ဦး ဒဏ်ရာရခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်သည် အိုးသည် ကျေးရွာမှ လင်းဇင်းစခန်းသို့ မေလ ၂၅ ရက်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် စလင်းမြို့နယ် ကျေးရွာများမှ မီးဘေးသင့်စစ်ဘေးရှောင်များအတွက် အကူအညီများလိုအပ်နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။