Connect with us

Hi, what are you looking for?

News

ကနီမြို့နယ် ချင်းတွင်းမြစ်ကမ်း​ဘေး​ကျေးရွာများကိုစစ်​ကောင်စီတပ်ကရဟတ်ယာဥ်​ပေါ်မှပစ် ပြည်သူ ၁၆ ဦးဒဏ်ရာရ ၊ ရွာလုံးကျွတ်ထွက်​ပြေး​နေရ

“ချင်းတွင်းမြစ်ပေါ်ကနေ ဝဲပြီး စက်သေနတ်တွေနဲ့ ပျက်သွားတာ။အချက်ပေါင်းမနည်းဘူး။ ရွာသား၁၆ယောက် ထိသွားတယ်။ လွတ်မယ်ထင်ပြီးပြေးတာ။ ကောက်ရိုးပုံနားမှာ ပုန်း နေတဲ့သူတွေလည်းထိကုန်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက စစ်ရဟတ်ယာဥ်ဖြင့် ယနေ့ညနေ လာရောက်ပစ်ခတ်သောကြောင့် အရပ်သား ၁၆ဦးသေနတ်ကျည်ထိမှန်ထားပြီး ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည်။

“ချင်းတွင်းမြစ်ပေါ်ကနေ ဝဲပြီး စက်သေနတ်တွေနဲ့ ပျက်သွားတာ။အချက်ပေါင်းမနည်းဘူး။ ရွာသား၁၆ယောက် ထိသွားတယ်။ လွတ်မယ်ထင်ပြီးပြေးတာ။ ကောက်ရိုးပုံနားမှာ ပုန်း နေတဲ့သူတွေလည်းထိကုန်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

“စစ်ဖြစ်တဲ့​​နေရာနဲ့​ဝေးတဲ့​နေရာကို​တော့သွား​နေတာ၊အဲလိုသွား​နေတုန်းအပစ်ခံရတာ” ဟု​ဒေသခံတစ်ဦးက​ပြောသည်။
ပြည်သူများအပစ်ခံရ​သော်လည်း ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ မှာ ဘေးကင်း​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများကို စစ်ရဟတ်ယာဉ်ပေါ်မှ တောက်လျှောက်ပစ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ညနေ သုံးနာရီ ၃၀မိနစ်ခန့်က စတင်ပစ်ခတ်ပြီး လေးနာရီခန့်မှသာ လေယာဉ်သံမကြားရတော့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ စုစုပေါင်း ၁၆ ယောက်ဒဏ်ရာရပြီး စိုးရိမ်ရသည့်လူနာများလည်းရှိနေသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရဟတ်ယာဉ်ဖြင့် ယမန်နေ့က လာရောက်ကာ အင်အားအများအပြားချသွားပြီးနောက် ယနေ့တွင် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook