Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားမှာ ရထားပေါ် ခုံးကျော်တံတား ကျိုးကျလို့ ၇ ဦးသေ

ရုရှားနိုင်ငံမှာ ရထားပေါ်ကို ခုံးကျော်တံတား ပြိုကျလို့ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရုရှားနိုင်ငံမှာ ရထားပေါ်ကို ခုံးကျော်တံတား ပြိုကျလို့ အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

မေလ ၃၁ ရက်နေ့တုန်းက ယူကရိန်းနဲ့ နယ်စပ်နားမှာရှိတဲ့ ဘရင့်စ်ခ်မြို့မှာ ခုံးကျော်တံတား ကျိုးရာကနေ အပေါ်မှာ ဖြတ်မောင်းနေတဲ့ ထရပ်ကားကြီး တချို့က အောက်ဖက်မှာရှိတဲ့ ခရီးသည်တင် ရထားပေါ်ကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသေအပျောက် ၇ ဦး စာရင်းရထားပြီး ၃၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဒါပေမဲ့ သေဆုံးစာရင်းဟာ အဲဒီထက် မြင့်တက်လာနိုင်ခြေတွေလည်း ရှိနေဆဲပါ။

ရုရှားရဲ့ အရေးပေါ် အခြေအနေ စီမံကိုင်တွယ်ရေး ဝန်ကြီးဌာနက ရထားတွဲထဲမှာ ပိတ်မိနေနိုင်ခြေ ရှိသူတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ဖြန့်ကျက်ရှာဖွေနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကံအကြောင်း မလှစွာနဲ့ပဲ ထိခိုက်သေဆုံးမှုတွေကို အတည်ပြု သိရှိထားပြီး ဖြစ်တယ်လို့ ဘရင့်စ်ခ် အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘီဂိုမက်ဇ်က Telegramမှာ ရေးသားထားခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေး ၁ ယောက်အပါအဝင် ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့လည်း သူက ဆိုပါတယ်။

မော်စကိုမှာရှိတဲ့ သယ်ယူပို့ဆောင်မှု လုံခြုံရေး ဗျူရိုဟာ အခုကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ တံတား ကျိုးကျတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ အဲဒီဖြစ်စဉ်မှာ ရထားရဲ့ စက်ခေါင်းနဲ့ နောက်တွဲတချို့လည်း လမ်းချော်ကုန်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အထိတ်တလန့် ဖြစ်နေတဲ့ ခရီးသည်တွေကို နီးစပ်ရာ ဘူတာရုံတစ်ခုဆီ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပြီးတော့ လိုရာခရီး ဆက်နိုင်အောင် အရန်ရထား တစ်စီးနဲ့ စီစဉ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားတဲ့ နေရာဟာ ယူကရိန်းနယ်စပ်နဲ့ မိုင် ၆၀ ဝန်းကျင်အကွာမှာ တည်ရှိတယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။