Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၁၀၁)မှ အင်အား ၄၀၀ခန့်ပါစစ်ကြောင်းထွက်လာ၍ ပခုက္ကူ၊မြိုင်နှင့် ပေါက်မြို့နယ်တို့မှ ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြရန် သတိပေး

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်အင်အား ၄၀၀ ခန့်ပါ ယာဥ်တန်းထွက်လာ၍ ပခုက္ကူ၊မြိုင်နှင့်ပေါက်မြို့နယ်တို့မှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် အညာမြေတပ်ပေါင်းစုက ယနေ့(ဇွန်လ ၁ ရက်) ထုတ်ပြန်သည်။

အညာမြေတပ်ပေါင်းစုမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - အညာမြေတပ်ပေါင်းစု

ဇွန် ၁၊၂၀၂၅။ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်အင်အား ၄၀၀ ခန့်ပါ ယာဥ်တန်းထွက်လာ၍ ပခုက္ကူ၊မြိုင်နှင့်ပေါက်မြို့နယ်တို့မှ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် အညာမြေတပ်ပေါင်းစုက ယနေ့(ဇွန်လ ၁ ရက်) ထုတ်ပြန်သည်။

စစ်ရေး၊ စစ်ပရိယာယ်အရ ခန့်မှန်းရခက်၍ စစ်ကြောင်း လမ်းဖြစ်နိုင်သည့် ပခုက္ကူနောက် ခြမ်း၊ မြိုင်အရှေ့ တောင်ခြမ်းနှင့် ပေါက်အရှေ့ခြမ်းမှ ပြည်သူများ စစ်ရေးနှင့် လေကြောင်းရန် သတိဖြင့်နေထိုင်ကြရန်လည်း သတိပေးဖော်ပြသည်။

ယခုစစ်ကြောင်းယာဥ်တန်းမတိုင်မီ ​မေလ ၂၇ ရက်က တပ်မ(၁၀၁)မှ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်းသည် ညောင်ဂျစ်ပင် ပျူစောထီးကျေးရွာမှ လက်ရှိတွင် ပေါက်မြို့နယ်အရှေ့ခြမ်းရှိ ရေပြာ၊ရွှေလံကျေးရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” အခု ဒုတိယမြောက်စစ်ကြောင်းကလည်း ပထမစစ်ကြောင်းသွားရာလမ်းအတိုင်းပဲ သွားမလား။လမ်းကြောင်းတခုကနေသွားမလား။စောင့်ကြည့် ပြင်ဆင်နေတယ်”ဟု အညာမြေတပ်ပေါင်းစုတာဝန်ရှိသူ ကိုဘိုဘိုသန့်ဇင်က စစ်ကောင်စီစစ်ကြောင်း အခြေအနေနှင့်ပတ်သက်ပြီး လူထုနွေဦးသို့ ရှင်းပြသည်။

ထို့အပြင် အင်အားများသည် စစ်ကောင်စီတပ် စစ်ကြောင်းကြောင့် ဒေသခံ ပြည်သူများမှာလည်း စစ်ရှောင်ရန် ပြင်ဆင်နေကြောင်းသိရသည်။

” ပေါက်နယ်၊ရေပြာ၊ရွှေလံသို့ ရောက်နေသော ပထမ စစ်ကြောင်းနဲ့ ပူးပြီး ပေါက် ကပစ(၂၄)ကို ရိက္ခာနဲ့စစ်ရေးအသုံးအဆောင်တွေ ပို့မယ်လို့ ခန့်မှန်းတယ်”ဟု ကိုဘိုဘိုသန့်ဇင်က ပြောသည်။

မေလ ၂၇ ရက်က စစ်ကောင်စီတပ်စစ်ကြောင်း သည် ဒေသခံပြည်သူ ၉ ဦး ဖမ်းဆီးထားပြီး ကမ္မတပ်ပေါင်းစု (KMDF) စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ဒေသခံလူမှုအဖွဲ့အစည်းအချို့က အသိပေးထားသည်။

မေလ ၂ ရက်မှ ၇ရက်အထိ ပခုက္ကူတပ်မ(၁၀၁)မှ စစ်ကောင်စီတပ်သားများသည် မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားရုပ်အလောင်းရှစ်လောင်း တွေ့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်နဲ့ မြိုင်မြို့နယ်အနောက်ခြမ်းက စစ်တပ်စစ်ကြောင်းဟာ တဲကြီးကျေးရွာကို မီးရှို့ပြီး ရေနံမြေအတွင်း၀င်ဖို့ ကြိုးပမ်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

Facebook