Connect with us

Hi, what are you looking for?

သတင်း

ဟားခါးရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး လက်နက်ယူလာပြီး CDF ထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟားခါးထံ အလင်းဝင်ခဲ့ဟု CDF ဟားခါးက ယနေ့ ထုတ်ပြန်သည်။

ဇွန်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတစ်ဦး ချင်းဒေသကာကွယ်ရေးတပ်(CDF)ဟားခါးထံ အလင်းဝင်ခဲ့ဟု CDF ဟားခါးက ယနေ့ ထုတ်ပြန်သည်။

မေလ ၃၁ရက်တွင် ဟားခါးရှိ ရဲတစ်ဦးသည် လက်နက်ခဲယမ်းများ ယူလာပြီး အလင်းဝင်လာ၍ နွေးထွေးစွာ ကြိုဆိုကာ ငွေသားဆုကြေး ပေးအပ်ခဲ့သည်ဟု ဖော်ပြသည်။

အလင်းဝင်လာသည့် ရဲအား လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ လက်အောက်၌ တာဝန်မထမ်းဆောင်လိုဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို အမြဲ ကြိုဆိုကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဟု ဖော်ပြသည်။

မေလ ၁၇ရက် နှင့် ၁၅ရက်ကလည်း ဟားခါးမြိုရှိ စစ်သား နှစ်ဦးနှင့် ရဲတစ်ဦးတို့ အလင်းဝင်ရောက်ခဲ့သည်။ ထို့အပြင်စစ်ကောင်စီတပ်သား တစ်ဦးကို မေလ ၁၅ရက်တွင် ဖမ်းမိခဲ့ဟု အသိပေးထားသည်။

မေလ ၁ရက်ကလည်း ဟားခါးမြို့ရှိ ပြည်သူဟန်ဆောင်ပြီး သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီ လက်အောက်ခံ ရဲနှစ်ဦးကို CDF ဟားခါးက ဖမ်းမိခဲ့သည်။

ဓာတ်ပုံ – CDF-Hakha

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

Facebook