Connect with us

Hi, what are you looking for?

သတင်း

နှစ်လအတွင်း စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် ချေမှုန်းနိုင်ခဲ့ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ ထုတ်ပြန်

စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

ဇွန်-၄၊ ၂၀၂၅။ ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်သား ၁၉ဦးကို စနိုက်ပါဖြင့် နှစ်လအတွင်း ချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ရင်ဆိုင်သည့် ရှေ့တန်းတိုက်ပွဲများ၌ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ စနိုက်ပါရဲဘော်များမှ ရန်သူ့စခန်းအနီးနားအထိ သွားရောက်ချေမှုန်းခဲ့မှုများလည်း ပါဝင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကယား(ကရင်နီပြည်နယ်)အတွင်းမှာပဲ။ အခုထိလည်း စစ်ဆိုင်ထားတဲ့အခြေအနေ ရှိပါတယ်”ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့တာဝန်ရှိသူက စနိုက်ပါ ဖြင့်ချေမှုန်းခဲ့သည့်ဖြစ်စဥ်များကို ရှင်းပြသည်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၏ တိုက်ပွဲထုတ်ပြန်ချက်များအရ ကရင်နီနှင့်ရှမ်းတောင်တိုက်ပွဲများ၌ အခြားသောတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်တွင် အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို အာရက္ခတပ်တော်(AA)က အဝေးပစ် လက်နက်ကြီး၊ စနိုက်ပါတို့နဲ့ တိုက်ခိုက်နေတာကြောင့် စစ်တပ်တပ်ဘက်က သေဆုံးထိခိုက်သူတွေ နေ့စဉ်နီးပါးရှိ နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မေလ ၁၅ရက်မှာ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးမှာ လိုအပ်မယ့် လက်နက်ကြီးများ၊ ဒရုန်းများ၊ စနိုက်ပါလက်နက်များနဲ့ လက်နက်ခဲယမ်းများကိုလည်း တစ်ပါတည်း ဖြည့်တင်းပေးအပ်ခဲ့တယ်လို့ CNO/CNDFက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်သားလေးဦး လက်နက်နဲ့ တကွ ဘက်ပြောင်းလာတယ်လို့ အညာမြေတပ်ပေါင်းစုအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုဘိုဘိုသန့်စင်ကပြောပါတယ်။