Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ပြည်သူ့စစ် နှစ်ဦးနဲ့ ရဲတစ်ဦး လက်နက်တွေနဲ့ PDFထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာလို့ သိန်း ၅၀ စီ ဆုချီးမြှင့်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကိုအာကူးက ပြောပါတယ်။

လက်နက်တွေနဲ့အတူ အလင်းဝင်လာသူ သုံးဦးနဲ့ ကိုအာကူးတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုအာကူး

ဇွန်-၅၊ ၂၀၂၅။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပြည်သူ့စစ်နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ လက်နက်ကိုယ်စီနဲ့ အလင်းဝင်လာလို့ သိန်း ၅၀ စီ ဆုချီးမြှင့်လိုက်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ကိုအာကူးက ပြောပါတယ်။

လက်နက်တွေနဲ့အတူ အလင်းဝင်လာသူ သုံးဦးနဲ့ ကိုအာကူးတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ကိုအာကူး

မုံရွာမြို့နယ်မှာ တာဝန်ကျနေတဲ့ လက်နက်ကိုင် ပျူစောထီး(ပြည်သူ့စစ်)နှစ်ဦးနဲ့ ရဲတစ်ဦးတို့ဟာ အလင်းဝင်ချင်လို့ ဆက်သွယ်လာတဲ့အတွက် ဧပြီနဲ့ မေလအတွင်းက သွားရောက်ခေါ်ယူပေးခဲ့ကြောင်း ကိုအာကူးက ရှင်းပြပါတယ်။

အလင်းဝင်လာတဲ့ စစ်အုပ်စုဝင်သုံးဦးဟာ သူတို့ကိုင်ဆောင်တဲ့ MA1၊ G3 နဲ့ MA13 လက်နက်တွေကို အပ်တဲ့အတွက် တစ်ဦးကို ကျပ် သိန်း ၅၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီသုံးဦးဟာ ရန်ကုန်၊ ပုသိမ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကဖြစ်ပြီး နှစ်ဦးက တော်လှန်ရေးထဲ ဆက်လက်ပါဝင်သွားမယ်လို့ သိရပါတယ်။

အလင်းဝင်လိုသူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်စကားတွေကို နားမယောင်ဘဲ စိတ်ချလက်ချနဲ့ လာရောက်ဆက်သွယ်နိုင်ပြီး သွားလိုရာ ပို့ဆောင်ပေးမယ်လို့ ကိုအာကူးက ထပ်လောင်းပြောကြားပါတယ်။

“ယုံယုံကြည်ကြည်နဲ့ မှန်မှန်ကန်ကန်နဲ့သာ ချိတ်ဆက်ပေး။ ကျနော်တို့ ဘယ်နေရာဖြစ်ဖြစ် လာခေါ်မယ်။”လို့ ကိုအာကူးက ပြောပါတယ်။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီ အရင်ကတည်းက အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ထက်မနည်း ရှိကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ