Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

စစ်ကောင်စီ အဓမ္မစစ်မှုထမ်းဥပဒေနဲ့စုဆောင်းထားသူအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

ဇွန်-၆၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ စစ်တပ်က စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးနေလို့ လူငယ်တွေ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၆ ရက် မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ သဲတော-ဝမ်းတွင်းလမ်းမကြီးပေါ်၊ သာစည်နဲ့ ဝမ်းတွင်းနယ်စပ်၊ ပျားစွဲရွာ အစရှိတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ ပျားစွဲရွာနားမှာတော့ ဖရဲသီးတင်နေကြတဲ့ ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

နေ့လယ်ပိုင်းမှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးက ဝမ်းတွင်းမြို့နယ်၊ ကန်ပတ်လည်ကျေးရွာ အပါအဝင် ရွာတွေထဲ ကား၄စီးနဲ့ ဝင်ရောက်ပြီး လူငယ်တွေကို ဖမ်းဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီရက် တအားလိုက်ဖမ်းနေလို့ လူငယ်တွေ ရွာမှာမနေရဲကြတော့ဘူး။ တောသွားတောပြန်တဲ့သူတွေလည်း စောစောသွား၊ ညနေကျလည်း မှောင်ရီပျိုးမှ ပြန်လာကြတော့တာ။”လို့ ဝမ်းတွင်းဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

မနေ့က ဇွန်လ ၅ ရက်ညပိုင်းကလည်း ဒိုင်ကောင်းကုန်းရွာ စာသင်ကျောင်းတပ်စွဲထားတဲ့ စစ်အုပ်စုက တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းစစ်ပြီး ရွာသားရှစ်ဦးကို ဖမ်းဆီးသွားကြောင်း Voice Of Wundwin အဖွဲ့က ပြောပါတယ်။

မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာအပါအဝင် မြို့ကြီးတွေမှာလည်း စစ်ကောင်စီတပ်က ယာဥ်လိုင်စင်စစ်ဆေးရင်း လူတွေကိုပါ ဥပဒေမဲ့ဖမ်းဆီးနေတာတွေ ရှိနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံံမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနဝန်ထမ်းရဲ့အမျိုးသားကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

Facebook