Connect with us

Hi, what are you looking for?

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်တာကို ထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်နားမှာ ငလျင်ငယ်တွေ ဆက်တိုက် လှုပ်ခတ်တာကို ထောက်လှမ်း သိရှိခဲ့တယ်လို့ ထိုင်းမိုးလေဝသ ဌာနက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ထိစပ်ရာ မယ်ဟောင်ဆောင်နဲ့ မြန်မာဖက်ခြမ်း နေရာတချို့မှာ ဇွန်လ ၆ ရက်က လှုပ်ရှားခဲ့တဲ့ ငလျင်ငယ်တွေဟာ အရမ်းမပြင်းထန်သလို ထိခိုက်ပျက်စီးမှုတွေလည်း မကြုံခဲ့ရပါဘူး။ ဒါပေမဲ့ မြေအောက် ကျောက်လွှာတွေ ရွေ့လျားနေမှုကို သိသာစေခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းမိုးလေဝသ ဌာနလက်အောက်ခံ ငလျင်ဌာနခွဲက ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ငလျင်နဲ့ ဆက်စပ်တဲ့ မြေအောက် လှုပ်ရှားမှုတွေ တဖြည်းဖြည်း တိုးလာတာကို ထောက်လှမ်း ရရှိထားတယ်လို့ ပြောပါတယ်။

မယ်ဟောင်ဆောင်မှာ လတ်တလော လှုပ်ခတ်ခဲ့တဲ့ ငလျင်ငယ်တွေဟာ ကြိမ်နှုန်းအားဖြင့် အမြင့်ဖက် ဦးတည်လာနေတာကို တွေ့ရပြီး ပြင်းအား မဂ္ဂနီကျုတွေကတော့ ဖျက်ဆီးအား ပြင်းထန်တဲ့ အဆင့်မျိုး မဟုတ်ဘဲ အားနည်းတယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဌာနခွဲဟာ အဲဒီ မြေအောက်လှုပ်ရှားမှု အခြေအနေတွေကို မျက်ခြေမပြတ်၊ နီးနီးကပ်ကပ် စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက မဂ္ဂနီကျု ၁.၉ အဆင့်ရှိတဲ့ ငလျင်ငယ်ဟာ မယ်ဟောင်ဆောင်ရဲ့ ဖိုင်ခရိုင်ထဲက ဝယန်နျူအာ ဒေသကို ဦးတည်လှုပ်ခတ်ခဲ့ပါတယ်။ ပြင်းအား အရမ်းနည်းပြီး အပျက်အစီး မရှိပေမယ့် ငလျင်ရဲ့ ဗဟိုချက်ဟာ မြေတိမ်ပိုင်း ၁ ကီလိုမီတာ အနက်လောက်ကို ဦးတည်ခဲ့တာကြောင့် လှုပ်ခတ်မှုကို အတန်အသင့် သက်ရောက် ခံစားခဲ့ရပါတယ်။

အဲဒီနေ့မှာပဲ မြန်မာဖက်ခြမ်းမှာလည်း မဂ္ဂနီကျု ၁.၇၊ ၂.၀ နဲ့ ၂.၂ အဆင့် အသေးစား ငလျင်တွေ သုံးကြိမ်ဆက် လှုပ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းဖက်မှာရော၊ မြန်မာဖက်မှာပါ လှုပ်နေတဲ့ ငလျင်တွေဟာ အင်အားနည်းပါးပေမယ့် ဆက်တိုက် လှုပ်နေတာကြောင့် မြေအောက် ကျောက်ချပ်တွေ ရွေ့လျားမှုတွေ သိသိသာသာ ဖြစ်ပေါ်နေတဲ့ သဘောမျိုးလို့ ပညာရှင်တွေက ပြောပါတယ်။

အဲဒီဇုန် နေရာတွေမှာ နေထိုင်သူတွေ အနေနဲ့ ထိုင်းမိုးလေဝသ ဌာနရဲ့ လမ်းညွှန်ချက်တွေ၊ ထုတ်လွှင့်ကြေညာချက်တွေကို အချိန်နဲ့ တပြေးညီ နားစွင့်နေပြီး အသက်အိုးအိမ် လုံခြုံရေးဆိုင်ရာ ကြိုတင် အစီအမံတွေ လုပ်ဆောင်ထားဖို့လည်း ငလျင်ဌာနခွဲရဲ့ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

ကိုးကား: Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။