Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်၌ KIAပူးပေါင်းတပ် နှင့် စစ်ကောင်စီ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်၊ ဝိုင်းမော်လမြန်ဒေသတွင်လည်းတိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲမှ KIA တပ်ဖွဲ့ဝင်များ

ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင်မြေပြင်တိုက်ပွဲ ပြင်းပြင်းထန်ထန်မရှိသော်လည်း အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကပြောသည်။

KIA နှင့် မဟာမိတ် ပူးပေါင်းတပ်သည်ဗန်းမော်မြို့ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည်မှာ ခြောက်လ ကျော်ရှိပြီဖြစ်ပြီး လတ်တလော စစ်ရေး အခြေအနေ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခြင်းဖြစ်သည်။

“ဗန်းမော်ဘက်ကအခြေအနေကသိပ်ထူးတာတော့မရှိပါဘူး။ခါတိုင်းလိုပေါ့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ဒရုန်းနဲ့ဗုံးကြဲတာတွေကတော့ရှိတယ်။နောက်လက်နက်ကြီးနဲ့ အပြန်အလှန် ထုတာတွေတောရှိတယ်။ မြေပြင်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် တော့မရှိဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

Public Service Announcement

Public Service Announcement

KIAသည်ဗန်းမော်ကိုအပြီးသတ်သိမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိရာ လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)ကို ထိုးစစ်ဆင်နေသည်။ စကခ(၂၁) ကာကင်း စခန်းအချို့ သိမ်းပိုက်ထားပြီးဖြစ်သကဲ့သို ပြီးခဲ့သည့် နှစ်ဝက်အတွင်း စကခ(၂၁) ကာကင်း စခန်းအချို့၊ သံချပ်ကာတပ်၊အမြောက်တပ် ၊ တင့်ကားတပ်၊ ဗန်းမော်လေယာဉ်ကွင်းနေရာ အပါအဝင် စစ်ကောင်စီ တပ်စွဲထားသည့် နေရာများ၊ တပ်စန်းများကို သိမ်းပိုက်ထားပြီးဖြစ်သည်။

ထိုအပြင် ဝိုင်းမော်မြို့နယ်လမြန်ဒေသ၌လည်းဇွန်လ ၇ရက်မနက်အစောတွင်စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ဟု ၎င်းကပြောသည်။

“ဝိုင်းမော် လမြန်ဘက် ယနေ့ မနက်ပိုင်း ခဏလေး အချိန်မှာ တိုက်ပွဲဖစ်တာ အခုတော့ ငြိမ်တော့ ပြန်ငြိမ်သွားပြီးတော့ ဒရုန်း၊ လက်နက်ကြီးနဲ့ ရံဖန်ရံခါ ပစ်တဲ့အခြေအနေတော့ ရှိနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

စစ်ကောင်စီသည် ဧပြီလကတည်းကဝိုင်းမော်၊လမြန်ဒေသသို့စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေ​သော​ကြောင့်KIAနှင့်ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘော​ပေါ်က​နေ ဧရာဝတီမြစ်ထဲ​မျောပါပြီ မြစ်ကမ်း​ဘေးမှာ နှစ်ပါတ်​ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်က​​လေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ