Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်ကားတွေ ဇက်ကူးလို့မရတာကြောင့် ပိတ်မိနေ

ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်သွားတဲ့ယာဥ်တွေဇက်ကူးလို့မရတာကြောင့်ကားတွေပိတ်မိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

ဇွန်လဆန်းမှာ ဧရာဝတီမြစ်​ရေဟာ မြစ်ကြီးနားမြို့မှာ​​ရေကြီး​နေစဥ်။ဓါတ်ပုံ-CJ

ဇွန်၈၊၂၀၂၅။မေရီ/People’s Spring

ဧရာဝတီမြစ်ရေတက်လို့မန္တလေး- မိုးကုတ်သွားတဲ့ယာဥ်တွေဇက်ကူးလို့မရတာကြောင့်ကားတွေပိတ်မိနေတယ်လို့ ခရီးသွားတွေက ပြောပါတယ်။

မတ္တရာနယ်ကိုဖြတ်သန်းရတဲ့မန္တလေး-မိုးကုတ်လမ်းပိုင်းနဲ့ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းဟာတိုက်ပွဲတွေကြောင့် သွားလာလို့အဆင်မပြေတဲ့အတွက် မန္တလေးကနေ မိုးကုတ်သွားမယ်ဆိုရင် စစ်ကိုင်း၊ ရွှေဘိုဘက်ကနေ ဧရာဝတီမြစ်ကို ဇက်သင်္ဘောနဲ့ကူးပြီးမှ စဥ့်ကူးနယ်ကနေတဆင့်မိုးကုတ်ကိုခရီးဆက်နေရတာပါ။

အခုရက်ထဲမှာဧရာဝတီမြစ်ရေမြင့်တက်လာပြီးရေပြင်ကျယ်လာတာကြောင့်ဇွန်လ (၇)ရက်နေ့ကစပြီးဇက်သင်္ဘောတွေနဲ့ဖြတ်သန်းဖို့အဆင်မပြေဖြစ်နေကြောင်းခရီးသွားတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြစ်ရေတိုးလို့ဇက်တွေကကမ်းကပ်မရတဲ့အတွက်မန်းလေး-မိုးကုတ်သွားမရသေးတာ။”လို့ ခရီးသွားတဦးက ပြောပါတယ်။

ဒါ့ကြောင့်ဧရာဝတီမြစ်တဘက်စီမှာမန္တလေး-မိုးကုတ်သွားလာကြမယ့်ယာဥ်တွေပိတ်မိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။တချို့ယာဥ်တွေကတော့ မန္တလေး-ပြင်ဦးလွင်လမ်းကနေ သွားလာနေကြပြီးလုံခြုံရေးအရစိတ်မချရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက မိုးကုတ်ကိုသွားတဲ့ကားတစီး ဇက်နဲ့မြစ်ကူးချိန် ကားရေထဲကျလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ ကလေးတစ်ဦး သေဆုံးခဲ့ဖူးပါတယ်။

မန္တလေး-မိုးကုတ်လမ်းတလျှောက်မှာ မတ္တရာနယ်မြောက်ခြမ်းကစပြီးစဥ့်ကူး၊ သပိတ်ကျင်း၊မိုးကုတ်နယ်အထိ မန္တလေး PDF အပါအဝင်​တော်လှန်​ရေးတပ်တွေကထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

​မေလကုန်၊ဇွန်လဆန်းမှာ ကချင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံအထက်ပိုင်း​ဒေသ​တွေမှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ​မေခ ၊မလိခမြစ်​တွေမှာ မြစ်​ရေကြီးခဲ့ပါတယ် ။​​နောက်ပိုင်းရက်​တွေမှာ ဧရာဝတီမြစ်​ရေပါတက်လာတဲ့အတွက် မြစ်​အောက်ပိုင်တ​လျှောက်​မြစ်​ရေကြီးနိုင်တယ်လို့ မြစ်ကမ်းနား​နေပြည်သူ​တွေက​ပြောထားပါတယ် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောမီးလောင်ကျွမ်းမှုတွေကြောင့် စပိန်နိုင်ငံ တောင်ပိုင်းမှာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။