စက်တင်ဘာ-၂၃၊၂၀၂၆။People’s Spring
ကမ္ဘာပေါ်မှာ လက်ရှိကြုံတွေ့နေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းဖြတ်မှု စူပါအယ်လ်နီညို ဖြစ်စဉ်ကြောင့် လာမယ့် ခြောက်လအတွင်း လူပေါင်း လေးသိန်းခွဲလောက်သေဆုံးနိုင်ကြောင်းသိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့အစီရင်ခံစာ အသစ်တစ်ခုမှာ ခန့်မှန်းဖော်ပြထားပါတယ်။
အဲဒီ အစီရင်ခံစာကို ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုခဲ့တာ ဖြစ်ပါတယ်။ အယ်လ်နီညိုဟာလာမယ့်လပိုင်းတွေအတွင်းအရှိန်ပိုမိုမြင့်တက်လာပြီး အင်ဒိုနီးရှားကနေ အိန္ဒိယထိ အာရှတောင်ပိုင်း ဒေသတွေ၊ နိုက်ဂျီးရီးယားကနေ အမေရိကန်ထိ ကျယ်ပြန့်တဲ့ ရပ်ဝန်းကြီးတွေမှာ ပြင်းပြင်းထန်ထန်သက်ရောက်ထိခိုက်နိုင်ကြောင်း အစီရင်ခံစာက သုံးသပ်ထားပါတယ်။
အပူကြောင့်သေဆုံးမှုတွေဟာ ဒေသအလိုက် အရမ်းများပြားလာနိုင်ပြီး သက်ဆိုင်ရာ အစိုးရတွေ၊ အာဏာပိုင်တွေ အနေနဲ့ လိုအပ်တဲ့ တုံ့ပြန်ကိုင်တွယ်မှု အစီအစဉ်တွေကို ကြိုတင် ပြင်ဆင် ရေးဆွဲထားဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
လက်ရှိ အယ်လ်နီညို ဖြစ်စဉ်ဟာ အားအကောင်းဆုံးအဆင့်ကိုရောက်ဖို့လပိုင်းလောက် လိုအပ်နေဆဲ ဖြစ်တာတောင်မှ ကမ္ဘာ့ဒေသ တချို့မှာ စံချိန်တင် အပူချိန် မြင့်တက်မှုတွေကို ကြုံနေရပါတယ်။
အယ်လ်နီညိုဟာ သဘာဝ ရာသီဥတု ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပေမယ့် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုတွေကြောင့် ဒီနှစ် အယ်လ်နီညိုက သိသိသာသာ ပိုပြင်းထန်လာပါတယ်။
ခန့်မှန်းခြေအရ စက်တင်ဘာလကနေလာမယ့် ဖေဖော်ဝါရီလထိ အတောအတွင်း အယ်လ်နီညိုနဲ့ ဆက်စပ်လို့ ကမ္ဘာအနှံ့မှာ သေဆုံးသူ အရေအတွက် ၄၅၁၀၀၀ လောက် ရှိနိုင်တယ်လို့ အမေရိကန်နိုင်ငံ၊ ချီကာဂို တက္ကသိုလ်မှာ ရာသီဥတု သက်ရောက်မှု သုတေသနဌာနကို ထူထောင်ထားသူ ပရော်ဖက်ဆာ မိုက်ကယ်ဂရင်းစတုန်းက ပြောပါတယ်။ သူဟာ အခု အစီရင်ခံစာမှာ အဓိက ဦးဆောင်ပါဝင်သူ တစ်ဦးပါ။
လာမယ့် ၆ လအတွင်းသေဆုံးသူ ဦးရေ လေးသိန်းခွဲလောက်ထိ ရှိနိုင်တယ်လို့ ပညာရှင်တွေကခန့်မှန်းထားတဲ့အပြင်၂၀၂၇ဇွန်နဲ့ဇူလိုင်လတွေမှာ အယ်လ်နီညိုကြောင့် သေပျောက်နှုန်းက ပိုတောင် မြင့်မားနိုင်သေးတယ်လို့ ဆိုပါတယ်။ ၆ လအတွင်း ရာသီဥတု ပူပြင်းမှုနဲ့ ဆက်စပ်တဲ့ သေဆုံးမှုတွေ အများဆုံး ကြုံ
တွေ့နိုင်တဲ့ နိုင်ငံတွေကတော့ နိုက်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနဲ့ ဘရာဇီးတို့ ဖြစ်နိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။
သိပ္ပံပညာရှင်တွေကလက်ရှိ အယ်လ်နီညို ဖြစ်စဉ်ဟာ ထူးထူးကဲကဲ ပြင်းထန် ကြမ်းတမ်းလွန်းကြောင်း ပြောဆိုထားပြီး တချို့ကတော့ ဂေါ်ဇီလာ အယ်လ်နီညိုလို့တောင် တင်စားကြပါတယ်။
အရေးပေါ် အခြေအနေတုံ့ပြန်မှုတွေ၊ပိုပြီး ကောင်းမွန်တဲ့ ပြင်ဆင်လေ့ကျင့်မှုတွေ စီစဉ်ထားနိုင်ရင်တော့ အယ်လ်နီညိုကြောင့် သေဆုံးမယ့် အသက်တွေကို ထိထိရောက်ရောက် လျှော့ချနိုင်လိမ့်မယ်လို့ ဘာကလေမှာရှိတဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်ပြီး အစီရင်ခံစာကို ပူးပေါင်း ရေးသားခဲ့သူ ဒေါက်တာ တမ်မာ ကာလီတန်က ပြောကြားခဲ့ပါတယ်။
ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကကမ္ဘာ့ စားနပ်ရိက္ခာ ကဏ္ဍကိုပါ ထိခိုက်လာနိုင်ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီး (WFP)ကတော့ အယ်လ်နီညို ဒဏ်ကြောင့် လူပေါင်း သန်း၅၀လောက်အကြီးအကျယ်ဆာလောင်မွတ်သိပ်မှုပြဿနာမျိုးကြုံလာရနိုင်ကြောင်း သတိပေးထားပါတယ်။
၁၈၇၇ နဲ့ ၁၈၇၈ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အယ်လ်နီညို ဖြစ်စဉ်တုန်းကလည်း အငတ်ဘေး ဆိုက်မှုတွေ ကြုံခဲ့ပြီးဘရာဇီး၊အိန္ဒိယနဲ့တရုတ်တို့မှာ ပြင်းပြင်းထန်ထန် သက်ရောက် ခံစားခဲ့ရသလို လူပေါင်း သန်း ၅၀ ကျော် သေကြေပျက်စီးခဲ့ဖူးကြောင်း သိရပါတယ်။
ကိုးကား-Guardian



















































