Connect with us

Hi, what are you looking for?

သတင်း

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာကို အလဲထိုးအနိုင်ရ

UFCတွင်၈ပွဲယှဥ်ပြိုင်ထိုးသတ်ရာ၊၇ပွဲအနိုင်ရထား

ဓာတ်ပုံ-UFC

ဇွန်-၈၊၂၀၂၅။ သုည/People’s Spring

ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်သည် ပြိုင်ဘက် ဘရာဇီးဖိုက်တာကို တတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့ပြီး UFC MMA ပြိုင်ပွဲတွင် (၇)ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့သည်။

ဇွန်လ ၈ ရက် နံနက်က အမေရိကန်နိုင်ငံတွင် ပြုလုပ်သည့် UFC 316 ပြိုင်ပွဲ Flyweight ဝိတ်တန်းပွဲစဥ်တွင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်က ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနှင့် ယှဥ်ပြိုင်ထိုးသတ်ခဲ့သည်။

ယင်းပွဲစဥ်တွင် ဂျိုရှုအာဗန်သည် ဘရူနိုဆေးလ်ဗား ဘယ်၊ ညာ လက်သီးချက််များ၊ ထောက်လက်သီးများဖြင့် ၃ ချီစလုံး အသာစီးထိုးသတ်နိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

တတိယအခြိီပွီးဆုံးခါနီး တစ်မိနစ်အလို၌ ဂျိုရှုအာဗန်က ဘရူနိုဆေးလ်ဗားကို အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲစဥ်သည် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန် အတွက် UFC MMA ပြိုင်ပွဲ (၈) ပွဲမြောက် ပွဲစဥ် ဖြစ်ပြီး (၇)ပွဲအထိ နိုင်ပွဲ ရယူနိုင်ခဲ့ကာ တစ်ပွဲသာ ရှုံးနိမ့်ထားသည်။

ဗန်သည် ချင်းတိုင်းရင်းသားဖြစ်ပြီး ငယ်စဥ်ကတည်းက အမေရိကန်နိုင်ငံသို့ မိသားစုနှင့် ပြောင်းရွေ့ရောက်ရှိခဲ့ကာ နေထိုင်သူဖြစ်သည်။

သိုင်းပေါင်စုံပြိုင်ပွဲများတွင် UFCမှာနာမည်အကြီးဆုံး ပြိုင်ပွဲ ဖြစ်ပြီး ဂျိုရှုအာဗန်သည် UFC ပြိုင်ပွဲတွင် ဝင်ပြိုင်သော ပထမဆုံး မြန်မာဖြစ်သည်။

ဗန်သည် ယခုနိုင်ပွဲကြောင့်UFC ဖလိုင်းဝိတ်တန်းတွင်အဆင့်သတ်မှတ်ချက် မြင့်လာမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ လာမယ့် ချန်ပီယံကာကွယ်ပွဲမှာ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပွဲချိန် ၃ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။