Connect with us

Hi, what are you looking for?

သတင်း

နှစ်ဖက်အကျိုးရှိမယ့် ဆက်ဆံရေးဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့အနီးကပ်ပူးပေါင်းမယ်လို့ စစ်ခေါင်းဆောင်ဆို

မြန်မာ – တရုတ် နှစ်နိုင်ငံ ကြား နောက်လာမယ့် ဆယ်စုနှစ်တွေအထိ အပြန်အလှန်အကျိုးရှိမယ့် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဓာတ်ပုံ - စစ်ကောင်စီ

ဇွန် – ၈ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

မြန်မာ – တရုတ် နှစ်နိုင်ငံ ကြား နောက်လာမယ့် ဆယ်စုနှစ်တွေအထိ အပြန်အလှန်အကျိုးရှိမယ့် မိတ်ဖက်ဆက်ဆံရေး ဖော်ဆောင်နိုင်ဖို့ တရုတ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဒီနေ့ (ဇွန်လ ၈ ) ရက်မှာ ကျရောက်တဲ့ မြန်မာ – တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅) နှစ် မြောက် အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ တရုတ်နဲ့အနီးကပ် ပူးပေါင်းဆောင်ရွက်လိုတာကို စစ်ကောင်စီခေါင်းဆောင်က ထည့်သွင်းရေးသားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးရဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့ ၊လူမှုဘဝတွေ တိုးတိုက်ဖို့ တရုတ်က ကူညီပေးခဲ့တယ်ဆိုပြီး စစ်ကောင်စီခေါင်းဆောင်က ကျေးဇူးတင်စကားဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မကြာခင်က ရုရှားနိုင်ငံခရီးစဉ်အတွင်း ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုမှာ နိုင်ငံတကာနဲ့ဒေသတွင်းအရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ၊ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ စွမ်းအင် ကဏ္ဍ တွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတယ်လို့လည်းစစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါအပြင် တရုတ်ရဲ့ ပိုးလမ်းမသစ် စီမံကိန်းအောက်က တရုတ် – မြန်မာ စီးပွားရေး စင်္ကြံ အကောင် အထည်ဖော်နေတာကလည်း အားရကျေနပ်တယ် လို့ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာမှာပါရှိပါတယ်။

တရုတ်သမ္မတ က ပြန်လည်ပေးပို့တဲ သဝဏ်လွှာမှာ တရုတ် – မြန်မာ ဆက်ဆံရေးက တရုတ်နိုင်ငံအတွက် အရေးကြီးပြီး ပိုးလမ်းမ စီမံကိန်းကို မြန်မာနဲ့အတူ အရှိန်အဟုန် မြှင့်တင်သွားမယ်လို့ ဖော်ပြပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရ ကိုဖြုတ်ချ အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း ကနေ ဖယ်ကြဉ် တာကို ခံနေရတဲ့စစ်ကောင်စီဟာ တရုတ် ၊ ရုရှားတို့ဆီက ထောက်ခံမှု ရအောင် ကြိုးပမ်းခဲ့ပါတယ်။

အဲဒီနှစ်နိုင်ငံအနက် အိမ်နီးချင်းနိုင်ငံကြီး ဖြစ်တဲ့ တရုတ်ကတော့ မြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ ထိတွေ့ ဆက်ဆံမှု ရှိပြီး မြန်မာ့အရေးနဲ့ပတ်သက်တဲ့ တရုတ်က ထားရှိတဲ့ စည်းသုံးစည်းကိုလည်း လူသိရှင်ကြား ထုတ်ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်ဖို့ ၊ မြန်မာကို အာဆီယံကနေ ဖယ်ကြဉ်တာမလုပ်ဖို့ ၊ မြန်မာ့အရေးမှာ ပြည်ပ အင်အားစုတွေ ဝင်ရောက်စွက်ဖက်တာကိုခွင့်မပြုဘူးဆိုတဲ့ စည်းသုံးစည်းကို ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းတရုတ်နိုင်ငံ ခြားရေးဝန်ကြီးက နေပြည်တော်ကနေအပြန် ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့မှာ အသိပေးပြောဆိုခဲ့တာပါ။

တရုတ်ဟာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ဖိအားပေးတာတွေရှိသလို မြောက်ပိုင်းညီနောင်သုံးဖွဲ့ နဲ့ စစ်ကောင်စီကြား အပစ်ရပ်အောင် တရုတ်နိုင်ငံမှာ ခေါ်ယူတွေ့ဆုံပေးတာတွေပြုလုပ်ခဲ့ပါတယ်။

တရုတ်ရဲ့စီစဉ်ပေးမှုအရ ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီကြား အခုနှစ်ဆန်းပိုင်းမှာ အပစ်ရပ် သဘောတူညီချက် ရခဲ့ပါတယ်။ အပစ်ရပ်ပြီးလပိုင်းအကြာမှာတော့ MNDAA ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အသက်သွေးချွေး ရင်းပြီးတိုက်ယူခဲ့ရတဲ့ လားရှိုးကနေ ဆုတ်ခွာပေးလိုက်ရပါတယ်။

တအာင်းတပ်(TNLA) နဲ့ စစ်ကောင်စီ တို့ကြား အပစ်ရပ်ဖို့ တွေ့ဆုံဆွေးနွေးမှုမှာတော့ သဘောတူညီချက် မရလို့ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။