Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ ၁၂ နိုင်ငံ ပြည်ဝင်ခွင့် ပိတ်ပင်အမိန့် စတင်အသက်ဝင်

မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ဟာ ဒီနေ့ (ဇွန်လ ၉ ရက်)မှာ စတင် အသက်ဝင်လာပါတယ်။

The New York Times

မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ဟာ ဒီနေ့ (ဇွန်လ ၉ ရက်)မှာ စတင် အသက်ဝင်လာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်တဲ့ အမိန့်အရ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချတ်ဒ်၊ ကွန်ဂို၊ အီကွေတိုရီရယ်လ် ဂီနီယာ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင် နိုင်ငံသားတွေဟာ အမေရိကန်ကို ပြည်ဝင်ခွင့် ပိတ်ပင် ခံရပါတယ်။ နောက်ထပ် နိုင်ငံပေါင်း ၇ ခုဟာလည်း အမေရိကန်က အကန့်အသတ်နဲ့ ဗီဇာ ပိတ်ပင်မှုတွေကို ကြုံခဲ့ရပါတယ်။

မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ဗီဇာ ပိတ်တာနဲ့ ပတ်သက်ပြီး ထရမ့်က လုံခြုံရေး စိတ်မချရမှု၊ သတ်မှတ် ဗီဇာ သက်တမ်းထက် ကျော်လွန်တဲ့ overstay နေထိုင်သူတွေ များပြားမှု အစရှိတာတွေကို အကြောင်းပြချက် ပေးခဲ့ပါတယ်။ ဗီဇာ အပြည့်အဝ အပိတ်ခံရတဲ့ ၁၂ နိုင်ငံရဲ့ နိုင်ငံသားတွေဟာ အမေရိကန်ဆီ ဝင်ရောက်ဖို့ ဖြစ်နိုင်ခြေ ဗီဇာ အမျိုးအစား အားလုံးနီးပါး ပိတ်ပင်ခံကြရတာ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံတွေမှာ ထင်ရှားမြင်သာတဲ့ တိုးတက်မှုတွေ ရှိလာရင်တော့ ပိတ်ပင်မှုတွေကို ဖြေလျှော့ပေးမယ်လို့ ထရမ့်က ပြောပါတယ်။

အိမ်ဖြူတော်က အခု ပိတ်ပင်မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပြည်ပ နိုင်ငံသားတွေရဲ့ ခြိမ်းခြောက် အန္တရာယ် ပေးနိုင်ခြေတွေကနေ ကာကွယ်ဖို့အတွက် နည်းမှန်လမ်းမှန် လုပ်ဆောင်မှုလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ အဲဒီ အမိန့်နဲ့ ပတ်သက်လို့ ပြည်တွင်းမှာရော၊ ပြည်ပကပါ တရားရေးအရ၊ သံတမန်ရေးအရ ဝေဖန်တာတွေ၊ တုံ့ပြန်မှုတွေ ရှိလာပါတယ်။ ဥပမာ ချတ်ဒ်နိုင်ငံဟာ အမေရိကန် နိုင်ငံသား အားလုံးကို ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပြီး လက်တုံ့ပြန်ခဲ့သလို ဆိုမာလီယာကတော့ လုံခြုံရေး အာမခံချက်နဲ့ ပတ်သက်ပြီး အခြေအနေ တိုးတက်လာအောင် အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အာဖရိက သမဂ္ဂကတော့ ထရမ့်ရဲ့ ပိတ်ပင်စာရင်းထဲမှာ ပါဝင်တဲ့ အာဖရိက ဒေသတွင်း နိုင်ငံတွေကိုယ်စား အမေရိကန်နဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်မှာတော့ အတိုက်အခံ ဒီမိုကရက်တစ် အင်အားစုတွေက ထရမ့်ရဲ့ ဗီဇာပိတ်ပင် အမိန့်ကို အပြင်းအထန် ရှုတ်ချခဲ့ကြပါတယ်။ ဒီလုပ်ရပ်ဟာ ပထမ သမ္မတ သက်တမ်းတုန်းက မွတ်ဆလင်တွေကို ပစ်မှတ်ထားပြီး ဗီဇာပိတ်တဲ့ ထရမ့်ရဲ့ လုပ်ရပ်ကို ပြန်လည် ထင်ဟပ်စေကြောင်း၊ အကျိုးဆက် အနေနဲ့ အမေရိကန်ဟာ ကမ္ဘာ့အလယ်မှာ ပိုပြီး အထီးကျန်သွားတာပဲ အဖတ်တင်ကြောင်း အမျိုးသမီး လွှတ်တော်အမတ် ပါမီလာ ဂျာယက်ပဲလ်က လူမှုကွန်ရက်ပေါ်မှာ ဝေဖန် ရေးသားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဗီဇာပိတ်ဆို့မှုကို မှန်ကန်တယ်လို့ ထောက်ခံသူတွေလည်း ရှိနေပါတယ်။ အမေရိကန်ကို ဝင်ရောက်နိုင်တယ် ဆိုတာက လူတိုင်းအတွက် အခြေခံ အခွင့်အရေး မဟုတ်ဘဲ အခွင့်ထူး တစ်ခုသာ ဖြစ်တယ်လို့ လွှတ်တော် အမတ် တစ်ဦးဖြစ်တဲ့ ကလေးဟစ်ဂင်စ်က ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

အွန်တေရီယို ရေကန်ကြီးကို အမေရိက ရေကန်လို့ နာမည်ပြောင်းလဲ ခေါ်ဝေါ်ဖို့ အမိန့်တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)က ပေးအပ်လျက်ရှိတဲ့ ဝန်ဆောင်မှုတွေ ထိရောက်မှုရှိစေဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက သတင်းထုတ်ပြန်ပါတယ်။

သတင်း

သူ့ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်မှုတွေကို လက်တုံ့ပြန်လာတဲ့ ကနေဒါကို သင်ခန်းစာပေးဖို့ အချိန်တန်ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။