Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ဆိုင်းတောင်သုဿာန်အနီး ယမ်းတင်ယာဉ် ထားရာနေရာပေါက်ကွဲမှုဖြစ် ၊စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ဟု​ ဒေသခံပြော

ဇွန်လအတွင်း ဖားကန့်ဒေသ၌ စစ်ကောင်စီက မီးရှို့မှု ၁၁ကြိမ်ကျူးလွန်ဟု KHRW ဖော်ပြ

Screenshot

ဇွန်-၉၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသနမ့်မှော်အုပ်စု မှောလကင်းရွာတွင်ယမ်းတင်ထားသည့်မော်တော်ယာဉ်ထားရှိရာနေရာ၌ ဇွန်လ ၉ရက်မနက်အစောတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ဖားကန့်လုံးခင်းဒေသခွန်ဆာကုန်းအနီးတွင် ဇွန်လ ၆ရက်ကစစ်ကောင်စီတပ်လက်နက်ကြီးကြောင့် ပေါက်ကွဲမှု ဖြစ်ပွားပြီး မိသားစုလိုက်အပါအဝင် လူ ၉ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်အနီးဆိုင်းတောင်၌ ထပ်မံ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/LuduNwayOo/videos/1847912376068994

Public Service Announcement

Public Service Announcement

ဇွန် ၉ ရက်နက်အစော၁နာရီခန့်တွင်နမ့်မှော် သုဿာန်အနီး ယမ်းတင်ယာဉ် ပါဝင်သည့်ကားပေါက်ကွဲမှု ဖြစ်သည်ဟုကြားသိရကြောင်း ဒေသခံကို ကိုးကားပြီး သတင်းရင်းမြစ်တဦးက ပြောသည်။

“ကားဆီ၊ ဆီဘောက်ဆာတွေဒရုန်းနဲ့အချခံရတာပါ။ ယမ်းကားနဲ့ ဆီဘောက်ဆာ။ ယမ်းကား အရင်ထိပြီး ဆီဘောက်ဆာကို ကူးတာလား ဆီဘောက်ဆာကို ထိပြီး ယမ်းကားကို ထိတာလား ဖြစ်စဉ် ကြုံရသူတွေပဲ သိလိမ့်မယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

မီးလောင်ပေါက်ကွဲမှု ကြောင့်နေအိမ်အချို့နှင့်ကားပျက်စီးခဲ့သော်လည်း လူထိခိုက်မှုမရှိဟု လည်း ဒေသခံ တဦးက အသိပေးထားသည်။

ဒေသတွင်း ကျောက်တူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုရန်သိုလှောင်ထားသည့် ယမ်းနှင့် ဓာတ်မြေသြဇာအိတ်များရှိရာနေရာကို စစ်ကောင်စီကပစ်မှတ်ထား၍တိုက်ခိုက်နေသောကြောင့် ဒေသခံများသည် ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆိုပါဂို‌ ထောင်များအား ရှင်းလင်းနေကြသည်။

” သိုလှောင်ထားတဲ့နေရာတွေကိုပစ်မယ်လို့သတင်းလွင့်ထားတယ်။ ဒါကြောင့် ရှင်းလင်းနေကြတယ်။ညက ပေါက်ကွဲမှုကလည်း အရင်နေ့က ဖြစ်ရပ်တွေလိုပဲ အရပ်သားပစ်မှတ်ကိုပစ်တာ။ သတိထားနေတော့ မထိခိုက်ဘူးကြားပါတယ်”ဟု ဖားကန့်ဒေသခံတဦးကပြောသည်။

အခြားသတင်းရင်းမြစ်တဦးကလည်း အထက်ပါလုပ်ရပ်သည် စစ်ကောင်စီ၏ လက်ချက်ဖြစ်သည်ဟုလည်း သတင်းရင်းမြစ်ကပြောသည်။

“စစ်ကောင်စီဘက်က ဝှေခါနဲ့ ဆိုင်းတောင်ကို ပြန်လည်ထိန်းချုပ် ချင်လို့ ထိုးစစ်လုပ်တဲ့ အစဦးခြိမ်းခြောက်မှုလို့ ပြောရမယ်” ဟု၎င်းကပြောသည်။

မေလ ၂၇ရက်တွင် ဖားကန့် လုံးခင်းဒေသသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် လုံးခင်းတွင်ကုမ္ပဏီ အချို့၏ အဆောက်အဦး၊ ယာဉ်ယန္တရားများအား မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့အပြင်ထိုစစ်တပ် ရောက်ရှိပြီးနောက် ကျောက်စိမ်းလုပ်ကွက်များ၌ ဖောက်ခွဲရေးသုံးပစ္စည်းများ သိုလှောင်ရာနေရာများ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့သည်။

ဇွန်လ ၆ရက် ဖားကန့် လုံးခင်းဒေသ ခွန်ဆာကုန်းအနီးပေါက်ကွဲမှုတွင် ကလေးငယ် အပါအဝင် ပြည်သူ ၉ဦး သေဆုံးခဲ့ပြီး ဇွန်လ ၃ရက် လုံးခင်း မှော်စီစာတင်အောင်ကြိုင်လုပ်ကွက် ယမ်းဂိုဒေါင် ပေါက်ကွဲမှုဖြစ်စဉ်တွင်လည်းလူ ၂ဦး သေဆုံးကာ ဒဏ်ရာရသူများပြားခဲ့သည်။ဖြစ်စဥ်နှစ်ခုလုံးတွင်ယမ်းသို​လှောင်ရာဂို​ဒေါင်များကို စစ်တပ်ကလက်နက်ကြီး သို့မဟုတ် ဒရုန်းဖြင့် ပစ်ခတ်၍​ဖောက်ခွဲခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ KHRW ၏ ဇွန် ၈ ထုတ်ပြန်ချက်အရ ဇွန်လ ၁ရက်မှ ၈ရက်နေ့အတွင်း စစ်ကောင်စီက ဖားကန့်ဒေသ၌ ပြည်သူများ နေထိုင်သည့်နေရာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့မှု ၁၁ကြိမ် ရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၁ဦး သေဆုံးခဲ့ရဟု ​ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် ပြည်သူများ၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက်ခြင်းဖြစ်သောကြောင့် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြပြီး အာဆီယံ အဖွဲ့ဝင်များ အပါအဝင် နိုင်ငံတကာ အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များရပ်တန့်စေရန် ကန့်ကွက်သင့်ဟု KHRWက တိုက်တွန်းထားသည်။

(​ပေါက်ကွဲမှုဖြစ်ပွားပြီးမီး​လောင်စဥ်။ ဓါတ်ပုံ-Padang Shingni)

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျောက်စိမ်းမြို့တော်ဖားကန့်မှာပြီးခဲ့တဲ့ ရက်ပိုင်းက ရေဘေးသင့်ခဲ့ပြီး လတ်တလောမှာရေကျသွားပေမယ့်မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ သွားရေးလာရေးနဲ့ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။