Connect with us

Hi, what are you looking for?

သတင်း

ကောလင်းကို စစ်ကောင်စီလေကြောင်းဗုံးကြဲ

ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ယနေ့(‌ဇွန်လ ၉ရက်)ည ၉နာရီ၂၀မိနစ်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်လက် ပျံဝဲနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ်သတိပေးထားသည်။

စစ်​ကောာင်စီတပ်က ​လေ​ကြောင်းတိုက်ခိုက်မှုများတွင် အသုံးများ​သော YAK-130 တိုက်​လေယာဥ် နှစ်စီး ​စစ်တပ်အာဏာမသိမ်းခင်ကလေ​ကျင့်ပျံသံစဥ်။ ဓါတ်ပုံ-Cincds

ဇွန်-၉၊၂၀၂၅။ကဖေး/People’s Spring

ကောလင်းမြို့အရှေ့ပိုင်းကျေးရွာ နှစ်ရွာကို ယနေ့(‌ဇွန်လ ၉ရက်)ည ၉နာရီ၂၀မိနစ်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့ပြီး ဗုံးကြဲလေယာဉ်ဆက်လက် ပျံဝဲနေ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေကြောင်းအန္တရာယ်သတိပေးထားသည်။

“ဗုံးကြဲသွားတာကဂျက်ဖိုက်တာနဲ့။ ဗုံးကြဲလေယာဉ်ဆက်ပျံနေတယ်” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ည ၁၀နာရီခန့်တွင် ပြောသည်။

ယနေ့ည ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကိုမသိရသေးပေ။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီက အလွန်အန္တရာယ်များသော Cluster Bompများသုံးပီး တိုက်ခိုက်နေကြောင်း ကောလင်းခရိုင်တပ်ရင်း(၂)က သတင်းထုတ်ပြန်ထားသည်။

Cluster Bombကလပ်စတာဗုံးဆိုသည်မှာဗုံးတစ်လုံးထဲတွင်ဗုံးသီးအသေစား(submunitions)များ ထည့်ထားသည့် ဗုံးအမျိုးအစားဖြစ်သည်။တိကျသည့် ပစ်မှတ်တစ်ခုစီစီကို ချိန်ရွယ်ပစ်ခတ်ခြင်းမဟုတ်ဘဲ ဧရိယာတစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေသော ဗုံးဖြစ်သည်။

ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ခုနှစ်နိုဝင်ဘာလ ၃ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဖေဖော်ဝါရီ ၄ရက်နံနက်မှ၍ အင်အားအများအပြားဖြင့် စစ်

ကြောင်းပြန်ထိုးတိုက်ခိုက်ပြီး ​လေကြာင်းပစ်ကူများစွာ​ပေး​ကာ မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲပြီး မြို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့သည်။ ထို့နောက် PDF များက မြို့ပြင်​ကျေးရွာများကိုထန်းချုပ်ပြီး စစ်တပ်က မြို့ကိုထိန်းချုပ်ထားကာ လေ‌ကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook