Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​​ခေါင်း​ဆောင် စစ်ကိုင်းရောက်နေစဉ် တိုက်လေယာဉ်ပစ်ချခံရသတင်း​ကြောင့် မူလအစီအစဥ်များဖျက်၍ ပြန်သွား

အာဏာသိမ်းခေါင်းဆောင်သည်၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ရောက်ရှိနေစဉ်မှာပင် ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ​ကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း မူလအစီအစဉ်များ ဖျက်သိမ်းသွားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမှအပြန် မန္တလေးမြို့သို့ရောက်နေစဉ် တွေ့ရသည့် အာဏာသိမ်းခေါင်းဆောင်။ ဓါတ်ပုံ-စစ်​ကောင်စီ

ဇွန်-၁၀၊၂၀၂၅။ယောနသံ/People’s Spring

အာဏာသိမ်းခေါင်းဆောင်သည်၄နှစ်အတွင်း သုံးကြိမ်မြောက် စစ်ကိုင်းတိုင်းသို့ရောက်ရှိနေစဉ်မှာပင် ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာ​ကို တော်လှန်ရေးတပ်များက ပစ်ချလိုက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း မူလအစီအစဉ်များ ဖျက်သိမ်းသွားကြောင်း သတင်းရရှိသည်။

ယနေ့ ဇွန်လ ၁၀ရက် နေ့လယ် ၁၂နာရီခန့်၌ စစ်ကိုင်းတိုင်း၊ ပုလဲမြို့သို့ ဗုံးလာကြဲသည့် ဂျက်ဖိုက်တာကို တော်လှန်ရေးပူးပေါင်းတပ်များက ပစ်ချခဲ့သည်။ ထိုအချိန်တွင် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးအောင်လှိုင်နှင့် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် စစ်ကိုင်းမြို့သို့ရောက်ရှိနေသည်။

“သူရောက်နေတုန်း ပုလဲကလေယာဉ်သတင်းကြားတာပဲ။ မူလအစီအစဉ်ကတော့ ငလျင်ဘေးသင့်သူတွေနဲ့ ထပ်တွေ့ဖို့ပဲ။ ဒါပေမယ့် မျက်စိမျက်နှာပျက်ပြီးပြန်သွားတယ်”ဟု စစ်ကောင်စီခေါင်းဆောင် သွားရောက်လည်ပတ်ခဲ့သည့် စစ်ကိုင်းမြို့၊ ကောင်းမှုတော် ဂေါပကအဖွဲနှင့်နီးစပ်သူကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခေါင်းဆောင်သည်ငလျင်ဘေးအကြောင်းပြ၍ စစ်ကိုင်းမြို့သို့လာရောက်ခြင်းဖြစ်သည်။ ဧပြီလ ၆ရက်ကတစ်ကြိမ် လာရောက်ပြီး ၂၀၂၅ ခုနှစ်အတွင်းဒုတိယကြိမ်မြောက်ရောက်ရှိလာခြင်းဖြစ်သည်။

လက်နက်ကိုင်ခုခံတော်လှန်ရေးအားအကောင်းဆုံးဖြစ်သည် စစ်ကိုင်းတိုင်းသို့ ၂၀၂၁ နောက်ပိုင်း အာဏာသိမ်းခေါင်းဆောင်က ၂၀၂၃ မတ်လတွင် တစ်ကြိမ်သွားရောက်ခဲ့ပြီး ယနေ့အထိ ၄နှစ်အတွင်း ၃ကြိမ်သာသွားရောက်နိုင်ခြင်းဖြစ်သည်။

အာဏာသိမ်း​ခေါင်း​ဆောင်စစ်ကိုင်းတိုင်းသို့နေစဉ် အညာတော်လှန်ရေးအင်အားစုများက ဂျက်ဖိုက်တာကိုပစ်ချလိုက်ခြင်းကြောင့် နမိတ်မကောင်းဟု ယူဆသွားနိုင်ကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးကပြောသည်။

“သူက အတိတ်နမိတ်ကို ယုံတယ်လေ။သူလန့်နေမှာသေချာတယ်။ကျမတို့စစ်ကိုင်းကိုလာတာကတော့ နယ်မြေစိုးမိုးမှုရှိကြောင်း နိုင်ငံတကာကိုပြချင်လို့လည်းဖြစ်နိုင်တယ်။ အခုတော့ သူတော်တော်လေးစိတ်ဓာတ်ကျသွားတယ်”ဟုစစ်ကိုင်းမြို့မှလူငယ်တစ်ဦးကပြောသည်။

စစ်ကိုင်းမြို့မှပြန်လာပြီး မန္တလေးမြို့သို့ရောက်ရှိစဉ်အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ရော မိန်းမဖြစ်သူပါမျက်နှာမ​ကောင်း ဖြစ်နေသည်ကို ၎င်းတို့၏ဝါဒဖြန့်မီဒီယာများမှတစ်ဆင့် ယ‌နေ့ည ထုတ်ပြန်သည့် ရုပ်သံသတင်းများတွင်တွေ့ရှိရသည်။

စစ်ကောင်စီတပ်၏ ဂျက်ဖိုက်တာကို ပစ်ချခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ယင်းမာပင်ခရိုင် ပကဖ၊ယင်းမာပင်မြို့နယ်ပကဖလက်ရုံးတပ်ဖြစ်​သော ULFတို့က အသီးသီးထုတ်ပြန်ထားသည်။စစ်ကောင်စီကမူ တပ်မတော်

(လေ)တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် စက်ချို့ယွင်းပြီး မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဟုထုတ်ပြန်ထားသည်။

(စစ်ကိုင်းမှအပြန် မန္တလေးမြို့သို့ရောက်နေစဉ် တွေ့ရသည့် အာဏာသိမ်းခေါင်းဆောင်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အဘိုးအိုအပါအဝင် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရပြီး နေအိမ် အလုံး ၂၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။