Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး တိုက်ခိုက်မှုမှာ အီရန် စစ်ဗိုလ်ချုပ် ၃ ဦးနဲ့ နျူကလီးယား ပညာရှင် ၂ ဦး သေဆုံး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေ ထိခိုက် ပျက်စီးခဲ့ရုံသာ မကဘဲ စစ်ဘက်နဲ့ အရပ်ဖက် ထိပ်တန်း အရာရှိတွေ၊ နျူကလီးယားဆိုင်ရာ ပညာရှင်တွေလည်း သေဆုံးခဲ့ပါတယ်။

AP

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေ ထိခိုက် ပျက်စီးခဲ့ရုံသာ မကဘဲ စစ်ဘက်နဲ့ အရပ်ဖက် ထိပ်တန်း အရာရှိတွေ၊ နျူကလီးယားဆိုင်ရာ ပညာရှင်တွေလည်း သေဆုံးခဲ့ပါတယ်။

အီရန် အစိုးရ မီဒီယာတွေက အစ္စရေးဟာ အရပ်သား ဧရိယာတွေကိုပါ ပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး အစိုးရနဲ့ စစ်တပ် အရာရှိတွေ၊ နျူကလီးယား ပညာရှင်တွေ သေဆုံးခဲ့တယ် ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ ဇွန်လ ၁၃ ရက် မနက်ပိုင်းမှာ အစ္စရေးက တိုက်လေယာဉ် အစီး ၂၀၀ လောက် အသုံးပြုပြီး အီရန်နိုင်ငံ အနှံ့က မဟာဗျူဟာ ပစ်မှတ်တွေကို ချေမှုန်းခဲ့ရာမှာ အီရန်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အထူးသဖြင့် အီရန်ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ် ၃ ယောက်လောက် သေဆုံးသွားခြင်းဟာ အီရန်ရဲ့ စစ်ရေး စီမံခန့်ခွဲ ချိတ်ဆက်မှုတွေကို အကြီးအကျယ် ထိခိုက်စေမှာ ဖြစ်ပါတယ်။ ပြီးတော့ အနည်းဆုံး နျူကလီးယား သိပ္ပံပညာရှင် နှစ်ဦးကိုလည်း အီရန်က ဆုံးရှုံးခဲ့ရပါတယ်။

အီရန်က ဆုံးရှုံးခဲ့ရတဲ့ စစ်ဘက် အရာရှိတွေထဲမှာ အီရန်စစ်တပ် စစ်ဦးစီးချုပ် မိုဟာမက် ဘာဂါရီလည်း ပါဝင်ခဲ့ပါတယ်။ ဘာဂါရီဟာ ဖွဲ့စည်းပုံအရ အီရန်အစိုးရ အဓိပတိ အယာတိုလာ အလီခါမေနီပြီးရင် အီရန် လက်နက်ကိုင် တပ်ဖွဲ့အားလုံးမှာ ရာထူးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ထပ် သေဆုံးသူက ဗိုလ်ချုပ် ဟိုစိန် ဆာလာမီဖြစ်ပြီး အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ရဲ့ အကြီးအကဲပါ။ တော်လှန်ရေး အစောင့်တပ်ဟာ အီရန်စစ်တပ်နဲ့ ဖွဲ့စည်းပုံ တသီးတခြားဖြစ်ပြီး နိုင်ငံရဲ့ ဒုံးကျည်နဲ့ ခေတ်မီလက်နက် စီမံကိန်းတွေကို တာဝန်ယူသလို ခါမေနီကို တိုက်ရိုက် သစ္စာခံပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အီရန်စစ်တပ်ရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဂိုလာမာလီ ရာရှစ်ဒ်ပါ သေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် အီရန်ရဲ့ အက်တမ်စွမ်းအင် အဖွဲ့ အကြီးအကဲဟောင်း ဖာရေဒွန် အက်ဘာဆီနဲ့ တဟီရန်မြို့တော် အခြေစိုက် အစ္စလာမ်မစ် အဇက်ဒ် တက္ကသိုလ် ဥက္ကဋ္ဌနဲ့ သီအိုရီ အခြေပြု ရူပဗေဒ ပညာရှင် မိုဟာမက် မာဟ်ဒီ တာရန်ချီတို့ဟာလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားထဲက ရေမြှုပ်မိုင်းအားလုံး အကုန်အစင် ရှင်းလင်းပြီးပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေ ကြေညာခြင်းနဲ့အတူ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံဟာ ကြုံဖူးသမျှ အကြီးမားဆုံး ဘဏ္ဍာရေးဆိုင်ရာ ထိုးနှက်ချက်မျိုးကို ကြုံတွေ့လာတော့မယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် အပြင်းထန်ဆုံး ပိတ်ဆို့မှု အသစ်တွေ သတ်မှတ်ကျင့်သုံးမယ်ဆိုတဲ့ အမေရိကန် ခြိမ်းခြောက်မှုဟာ ကြံမိကြံရာတွေ လျှောက်လုပ်နေတယ် ဆိုတာကို ညွှန်ပြပြီး ကျိန်းသေပေါက် ကျရှုံးလိမ့်မယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်အပေါ် စီးပွားရေးအရ ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုတွေမှာ ပါဝင်ဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တရုတ် အစိုးရက ပယ်ချခဲ့ပါတယ်။