Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်စက်ရုံတွေနားက အီရန်ပြည်သူတွေ ချက်ချင်းရွှေ့ပြောင်းဖို့ အစ္စရေးစစ်တပ် သတိပေး

စစ်ရေးပစ်မှတ်တွေ၊ လက်နက်ရုံတွေနားမှာ နေထိုင်တဲ့ အီရန် ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အစ္စရေး စစ်တပ်က သတိပေးထားပါတယ်။

The New York Times

စစ်ရေးပစ်မှတ်တွေ၊ လက်နက်ရုံတွေနားမှာ နေထိုင်တဲ့ အီရန် ပြည်သူတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့ အစ္စရေး စစ်တပ်က သတိပေးထားပါတယ်။

အစ္စရေးစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အဗစ်ချေ အက်ဒရာအီက အီရန် ပြည်သူတွေ အနေနဲ့ လက်နက် စက်ရုံတွေနဲ့ ခပ်ဝေးဝေးဆီ အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ လူမှုကွန်ရက် မီဒီယာကနေ နှိုးဆော်သွားပါတယ်။

သူက အီရန်ပြည်သူတွေ အနေနဲ့ ကိုယ့်လုံခြုံရေးအရ လက်နက်စက်ရုံတွေနားက ချက်ချင်း စွန့်ခွာ တိမ်းရှောင်ကြပြီး နောက်ထပ် ကြေညာချက် ထွက်ပေါ်မလာမချင်း ပြန်မလာကြဖို့ လူမှုကွန်ရက်ပေါ်မှာ ဖာရစီဘာသာနဲ့ ရေးသား ကြေညာခဲ့ပါတယ်။

ပါလက်စတိုင်းနဲ့ လက်ဘနွန်မှာ အစ္စရေးက ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ မတိုင်ခင်မှာ ဒေသခံတွေကို ရည်ရွယ်ပြီး အလားတူ သတိပေးတာတွေ ရှိခဲ့ဖူးပါတယ်။ ဂါဇာကမ်းမြှောင် ဒေသနဲ့ လက်ဘနွန်ရဲ့ ဘေရွတ်မြို့တော် တောင်ပိုင်းမှာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ မစတင်ခင် အတောအတွင်း အဗစ်ချေက သူ့ရဲ့ လူမှုကွန်ရက် မီဒီယာ Xအကောင့်မှာ အဲဒီလို သတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အဗစ်ချေဟာ အာရပ်ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေး ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း အာရပ်နိုင်ငံတွေက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ပိုမိုလူသိများခဲ့ပါတယ်။ သူဟာ အီရန်ရဲ့ ဖာရစီ ဘာသာစကားကို တတ်ကျွမ်းတယ်လို့ သတင်းမထွက်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ ဖာရစီ ဘာသာနဲ့ သတိပေး ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အစ္စရေး စစ်တပ်ဖက်က အခုလို ကြိုတင်သတိပေးမှု ထွက်ပေါ်လာတဲ့နောက် အီရန်ရဲ့ မြို့တော် တဟီရန်နဲ့ တခြားဒေသတွေက စစ်ရေးပစ်မှတ်တွေကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေ ပိုမို အရှိန်မြှင့်တင်လာမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ အီရန် နိုင်ငံသား အမြောက်အမြားဟာ အကြောင်းကြောင်းကြောင့် ဘေးလွတ်ရာကို အမြန်ဆုံး ရွှေ့ပြောင်းဖို့ အခက်အခဲတွေ ရှိနေကြောင်း ညည်းညူနေကြပါတယ်။

အီရန် အစိုးရဟာ နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်သိမ်းစေဖို့ ကြေညာထားတာမျိုး မရှိသေးပေမယ့် အစိုးရ အရာရှိတွေက နိုင်ငံဟာ စစ်ဖြစ်နေပြီလို့ အကြိမ်ကြိမ် ပြောဆိုထားကြပါတယ်။

အစ္စရေးက အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်ပြီး အီရန်က ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်တုံ့ပြန် ပစ်ခတ်နေတဲ့ စစ်ရေး ပဋိပက္ခဟာ အခုဆိုရင် ၃ ရက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိ အီရန်ဖက်မှာ နျူကလီးယား သိပ္ပံပညာရှင်တွေနဲ့ စစ်ဘက် ထိပ်တန်း အရာရှိတွေ အပါအဝင် အသေအပျောက် ၁၀၀ ကျော်လောက် ရှိနေပြီး အစ္စရေးဖက်မှာတော့ ၁၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Newsweek

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ရဲ့ ရေနံ ကုန်သွယ်ရေးအပေါ် ပိတ်ဆို့ထားမှုတွေကို အမေရိကန် အစိုးရက ဖြေလျှော့ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

၂၀၂၃အောက်တိုဘာကစပြီး ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသတင်းထောက် အနည်းဆုံး ၂၆၀ ဦး သေဆုံးခဲ့

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။