Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသား ၁ဦးသေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ တွင်စစ်တပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-KNU

ဇွန်-၁၅၊၂၀၂၅။ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)သထုံခရိုင်(ဒူးသထူခရိုင်) ကျိုက်ထိုမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ (၁)ဦးသေဆုံးပြီး (၄)ဦး ထိခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ရက်ကကျိုက်ထိုမြို့နယ်၊အလူးကြီးရွာ အတွင်းသို့ စစ်ကောင်စီတပ် ခမရ(၃) တပ်ရင်းစခန်းမှ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အသက် ၃၄ နှစ်အရွယ် အမျိုးသား ၁ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ဟု ဖော်ပြသည်။

လက်နက်ကြီးကြောင့်နေအိမ်အချို့နှင့်ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည်ကျိုက်ထိုမြို့နယ်မဲလံကျေးရွာအုပ်စု ဘုရားရွာရှိ ပြည်သူလူထုနေထိုင်ရာ နေရာများသို့ လက်နက်ကြီးဖြင့်မကြာခဏ ပစ်ခတ်နေသည်ဟုလည်း သိရသည်။

မေလကုန်ပိုင်းကလည်းသထုံခရိုင်သထုံမြို့နယ်တွင်တောထဲအင်ဥရှာဖွေနေသည့်ပိန္နဲတောရွာသား ၁ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်ခဲ့သည်ဟု KNU ဒူးသထူခရိုင်က အသိပေးထားသည်။

စစ်ကောင်စီတပ်သည် မေလအတွင်းက သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်များအတွင်းရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်ခြင်း၊လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့၍ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။ ထိုသို့ စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ကျိုက်ထိုမြို့နယ်တွင် ဒေသခံ ရှစ်ထောင်ကျော်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်း စာနာထောက်ထားမှုအကူအညီများလိုအပ်နေသည်ဟုအသိပေးထားသည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချုပ်နယ်မြေများသို့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ဇွန်လ ၉ရက်တွင် တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာ စာသင်ကျောင်းကို လေကြောင်းဗုံးကြဲခဲ့၍ ကလေးငယ် ၃ဦးအပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ ၂၂ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီ၏ လုပ်ရပ်အပေါ် KNU က ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီအနေဖြင့်တချိန်တွင် ၎င်း၏ အကြမ်းဖက်မှု လုပ်ရပ်များအတွ့က်ပြန်လည်တာဝန်ခံရမည်ဟုလည်း အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

သတင်း

‎‎မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ၁၁ဦးဒဏ်ရာရရှိခဲ့ဟု ‎ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းထုတ်ပြန်ပါတယ်။

သတင်း

မူလတန်းကျောင်းသား ၁ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

Facebook