Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စတုတ္ထမြောက်နေ့မှာလည်း ဆက်လက် ပြင်းထန်နေဆဲ အီရန်-အစ္စရေး ပဋိပက္ခ

အီရန်နဲ့ အစ္စရေးကြားက အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ရပ်စဲမသွားသေးဘဲ စတုတ္ထနေ့အဖြစ် ဆက်လက် အရှိန်မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

AP

အီရန်နဲ့ အစ္စရေးကြားက အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ရပ်စဲမသွားသေးဘဲ စတုတ္ထနေ့အဖြစ် ဆက်လက် အရှိန်မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက် မနက်အစောပိုင်းမှာ အီရန်ဖက်က နောက်ထပ် ဒုံးကျည်တွေ အများအပြား ပစ်ခတ်လိုက်တာကို ထောက်လှမ်း ရရှိထားပြီး ကြားဖြတ်ပစ်ချနေတယ်လို့ အစ္စရေးစစ်တပ် (IDF)က ကြေညာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ IDFရဲ့ လေတပ်ကလည်း အီရန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ဆင်နွှဲနေပါတယ်။

IDFကတော့ အစ္စရေးရဲ့ နောက်ဆက်တွဲ လေကြောင်းတိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ဒုံးကျည်တွေ ပစ်ခတ်နိုင်တဲ့ စစ်ရေးစွမ်းရည်ကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အစ္စရေးရဲ့ ဂျေရုဆလင်နဲ့ တဲလ်အဗစ်ဗ်တို့ အပါအဝင် မြို့တချို့မှာတော့ အီရန် ဒုံးကျည်တွေ ဦးတည်ပျံသန်းလာတာကြောင့် လေကြောင်းအန္တရာယ် အချက်ပေး ဥဩသံတွေ ဆူဆူညံညံ မြည်ဟည်းနေခဲ့ပါတယ်။ IDFက အစ္စရေးရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ ပျံသန်းဝင်ရောက်လာတဲ့ ရန်သူဒုံးကျည်တွေကို ရာနှုန်းပြည့် ဟန့်တား ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့လည်း သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

IDFက လေကြောင်း အန္တရာယ် သတိပေး ကြေညာချက် ထုတ်ပြန်ထားတဲ့ မြို့တွေမှာ ဒေသခံတွေ အနေနဲ့ မြေအောက် ဗုံးခိုကျင်း၊ ဘန်ကာတွေမှာ ရွှေ့ပြောင်း နေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ဂျေရုဆလင်မြို့ဆီ ရောက်နေတဲ့ CNN သတင်းထောက်ကတော့ ပေါက်ကွဲသံတွေ ကြားနေရသလို ကောင်းကင်ယံမှာလည်း အီရန် ဒရုန်းတွေ ချဉ်းကပ်လာတာ၊ အစ္စရေးရဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေက ပစ်ချနေတာတွေကို မြင်နေရတယ်လို့ ပြောပါတယ်။ အစ္စရေး မီဒီယာတွေရဲ့ ဖော်ပြချက်အရ နိုင်ငံအနှံ့က မြို့ရွာတွေမှာ အီရန်ဒုံးကျည်တွေ ထိမှန်တာ ခံနေရတယ်လို့လည်း သိရပါတယ်။

ဇွန်လ ၁၃ ရက်နေ့ မနက်အစောပိုင်းမှာ အီရန်နိုင်ငံ အနှံ့က နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေ၊ စစ်စခန်းတွေကို အစ္စရေး တိုက်လေယာဉ်တွေက ဗုံးကြဲတိုက်ခိုက်ရာကနေ နှစ်နိုင်ငံကြား စစ်ရေး ပဋိပက္ခ အစပြုလာခဲ့ပါတယ်။ အစ္စရေး အစိုးရကတော့ အီရန်ဟာ နျူကလီးယား လက်နက်တွေ လက်တွေ့ ပိုင်ဆိုင်လာဖို့ အရမ်းနီးကပ်လာတာကြောင့် အဲဒီအခြေအနေကို ဟန့်တားဖို့ စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ အကြောင်းပြခဲ့ပါတယ်။

လက်ရှိ အချိန်ထိတော့ နစ်ဖက်စလုံးဟာ လေကြောင်းကနေပဲ ဗုံးတွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်နေကြပြီး အလုံးစုံ စစ်ပွဲကြီး အဆင့်ထိ ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ ပြီးတော့ နှစ်ဖက်စလုံးကလည်း တိုက်ခိုက်ခံရမှုတွေနဲ့ ပတ်သက်ပြီး လုံးဝ အလျှော့မပေးဘဲ လက်တုံ့ပြန်သွားမယ်လို့ ကိုယ်စီ ခြိမ်းခြောက်ထားကြပါတယ်။

ဇွန်လ ၁၆ ရက် မနက်ပိုင်းထိ အခြေအနေတွေအရ နှစ်ဖက် တိုက်ခိုက်မှုတွေအတွင်း အီရန်မှာ ထိပ်တန်း စစ်ဘက် အရာရှိတွေ၊ နျူကလီးယား ပညာရှင်တွေ အပါအဝင် ၂၂၄ ဦး သေဆုံးခဲ့ပြီး အစ္စရေးဖက်မှာတော့ အသေအပျောက် ၁၄ ဦး စာရင်းရထားကြောင်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် ရည်ညွှန်းရေးသားထားတဲ့ မြေပုံဖြတ်ပိုင်း တစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပါတယ်။

သတင်း

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Facebook