Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရေးပဋိပက္ခ တစ်ပတ်ပြည့်မြောက်ချိန်မှာ အီရန်နဲ့ အစ္စရေး တိုက်ခိုက်မှုတွေ အရှိန်ကောင်းနေဆဲ

အစ္စရေးနဲ့ အီရန်ကြား စစ်ရေး ပဋိပက္ခတွေ စတင်လာတာ တစ်ပတ် ပြည့်မြောက်သွားပြီဖြစ်ပြီး တိုက်ခိုက်မှုတွေကတော့ အရှိန်မပျက် ဆက်လက် ဖြစ်ပွားနေပါတယ်။

Reuters

အစ္စရေးနဲ့ အီရန်ကြား စစ်ရေး ပဋိပက္ခတွေ စတင်လာတာ တစ်ပတ် ပြည့်မြောက်သွားပြီဖြစ်ပြီး တိုက်ခိုက်မှုတွေကတော့ အရှိန်မပျက် ဆက်လက် ဖြစ်ပွားနေပါတယ်။

ဇွန်လ ၁၉ ရက် မနက်ပိုင်းမှာ အစ္စရေးစစ်တပ် (IDF)က အီရန်ပိုင်နက်ထဲ စစ်ဆင်ရေးတွေ ဆက်လက် ဆင်နွှဲနေတယ်လို့ ကြေညာခဲ့ပါတယ်။ အလားတူ အီရန်ဖက်က တုံ့ပြန် ပစ်လွှတ်လိုက်တဲ့ ဒရုန်းတွေကိုလည်း အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေက ကြားဖြတ် ဟန့်တားနေရပါတယ်။

IDFက အီရန်ရဲ့ မြို့တော် တဟီရန် အပါအဝင် တခြားသော စစ်ရေးပစ်မှတ် နေရာတွေမှာ တိုက်ခိုက်မှုတွေ တစ်သုတ်ပြီးတစ်သုတ် အကောင်အထည် ဖော်နေတယ်လို့ လူမှုကွန်ရက် မီဒီယာကနေ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေရာတွေကို ပစ်မှတ်ထားသလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်ပါဘူး။

ဒီအတောအတွင်း IDFဟာ အီရန်ရဲ့ အာရက်ခ်နဲ့ ခန်ဒက်ဘ် မြို့တွေနားက စစ်ရေး မဟာဗျူဟာ ဌာနတွေအနားမှာ နေထိုင်သူ ဒေသခံတွေအားလုံး အရေးပေါ် ရွှေ့ပြောင်းကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ IDFဟာ တဟီရန်မှာလည်း အလားတူ သတိပေးထားတဲ့နောက် မြို့ခံတွေ အများအပြား မြို့ကို စွန့်ခွာပြီး တိမ်းရှောင်နေကြရပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ အဲဒီ ကြေညာချက် မတိုင်ခင်မှာတော့ အီရန်ရဲ့ ဒရုန်းတွေက အစ္စရေး လေပိုင်နက်ကို ခြိမ်းခြောက် ဝင်ရောက်ခဲ့တာကြောင့် ပစ်ချခဲ့ရတယ်လို့ သိရပါတယ်။ IDFက နိုင်ငံမြောက်ပိုင်း လေပိုင်နက်ထဲ ရန်သူရဲ့ ခြိမ်းခြောက်မှုတွေ ရှိလာတာကြောင့် လေကြောင်း အန္တရာယ် သတိပေး ကြေညာချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ မဟာမိတ် အစ္စရေးဖက်က ပါဝင်ကူညီပြီး အီရန် နျူကလီးယား ပစ်မှတ်တွေကို ချေမှုန်းတိုက်ခိုက်ဖို့ အမေရိကန် စစ်တပ်ကို ညွှန်ကြားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ အီရန်နဲ့ အစ္စရေးကြား တိုက်ခိုက်မှုတွေက ဆက်လက် အရှိန်မြင့်တက်နေတာပါ။

အစ္စရေးဟာ ဇွန်လ ၁၃ ရက်နေ့ မနက်အစောပိုင်းက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေ၊ စစ်စခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ စတင် ပြုလုပ်ခဲ့ပြီး အီရန်ကလည်း အစ္စရေး မြို့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ်ရက်ဆက် လက်တုံ့ပြန် ပစ်ခတ်ခဲ့ပါတယ်။

လက်ရှိ အချိန်ထိ နှစ်နိုင်ငံက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အပြန်အလှန် လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အီရန်ဖက်က ၂၂၄ ဦး သေဆုံးခဲ့ပြီး အစ္စရေးမှာတော့ အသေအပျောက် ၂၄ ဦး ရှိနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် စစ်သားတွေကို သုတ်သင်ပေးရင်၊ ဒါမှမဟုတ် ဖမ်းဆီးပေးရင် ဒေါ်လာ ၃ သောင်း ချီးမြှင့်မယ်လို့ အီရန်က ဆုငွေထုတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို အမေရိကန် ပိုင်နက်အဖြစ် မကြာခင် ကြေညာသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်က ကြားဖြတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ တိတ်တိတ်လေး လေယာဉ်ပြောင်းစီးခဲ့ရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

Facebook