Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်မှာ တံတားကျိုးပြီး ကားခေါင်းခန်းထဲမှာ လေထဲတွဲလောင်း ဖြစ်နေသူ ယာဉ်မောင်းကို ကယ်ဆယ်ခဲ့ရ

တရုတ်နိုင်ငံမှာ ရုတ်တရက် တံတားကျိုးကျရာက ကုန်တင်ကားကြီး တစ်စီးရဲ့ လေထဲမှာ တွဲလောင်းဖြစ်နေတဲ့ ခေါင်းခန်းထဲ ပိတ်မိနေသူ ယာဉ်မောင်းကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ရုတ်တရက် တံတားကျိုးကျရာက ကုန်တင်ကားကြီး တစ်စီးရဲ့ လေထဲမှာ တွဲလောင်းဖြစ်နေတဲ့ ခေါင်းခန်းထဲ ပိတ်မိနေသူ ယာဉ်မောင်းကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရပါတယ်။

ဇွန်လ ၂၄ ရက်နေ့က ကွမ်ကျိုးရဲ့ ဆန်ဒူခရိုင်ထဲမှာ အသွားအပြန်အတွက် လမ်းကြောင်းနှစ်ခု အပြိုင်ဆောက်လုပ်ထားတဲ့ တံတားတစ်စင်းဟာ ဘေးဖက် တောင်စောင်းမှာ မြေပြိုရာက ကျိုးပျက်သွားခဲ့ပါတယ်။ တံတား ကျိုးကျချိန်တုန်းက ကုန်တင် လော်ရီကားကြီး တစ်စီးဟာ တံတားတစ်စင်းပေါ် တက်ခါနီး အစပ်နားမှာ ရှိနေခဲ့ရင်း မြေပြိုတဲ့အခါ ယာဉ်ရဲ့ ခေါင်းပိုင်းက လေထဲမှာ တွဲလောင်းကြီး ကျန်နေခဲ့ပါတယ်။

ကားရဲ့ နောက်တွဲထဲမှာ လေးလံတဲ့ ကုန်စည်တွေ သယ်ဆောင်လာတာကြောင့် ထရပ်ကား ခေါင်းပိုင်းဟာ နက်ရှိုင်းလှတဲ့ ချောက်ထဲ ကျမသွားခဲ့တာပါ။ အဲဒီ အခြေအနေကပဲ ယာဉ်မောင်းရဲ့ အသက်ကို ကယ်လိုက်တာ ဖြစ်ပါတယ်။

နောက်တော့ ကယ်ဆယ်ရေးတွေ ရောက်လာတဲ့အခါ ကားခေါင်းခန်းထဲ ပိတ်မိနေသူ ယာဉ်မောင်းကို ရှာတွေ့ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးတွေဟာ အဲဒီ ထရပ်ကားကြီး ပြုတ်ကျမသွားတာ၊ ဟန်ချက်ပျက်မသွားတာ သေချာအောင် သံမဏိ ယက်မကြိုးတွေနဲ့ သေချာ တုပ်နှောင်ကြပါတယ်။ အဲဒီနောက်မှာမှ ခေါက်သိမ်းလို့ ရတဲ့ ရွေ့လျား ပလက်ဖောင်း တစ်ခုကို အသုံးပြုပြီး ကားခေါင်းခန်းထဲက ယာဉ်မောင်းကို ရွှေ့ပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး မစ်ရှင်ဟာ ခက်ခဲရှုပ်ထွေးပေမယ့် အောင်မြင်ခဲ့တယ်လို့ ကွမ်ကျိုးမီးသတ်ဌာနက ပြောပါတယ်။ တံတားကျိုးကျချိန်မှာ တခြားယာဉ်တွေ ပြုတ်ကျပြီး သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့သလား ဆိုတာကိုတော့ အာဏာပိုင်တွေက တိတိကျကျ မပြောပါဘူး။

သတင်းတချို့ကတော့ ကားတချို့ဟာ ပြိုကျသွားတဲ့ မြေသားတွေနဲ့ ရောပါသွားပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မြေပြိုပြီး တံတားကျိုးတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲလို့ သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။