Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ကမြေရှားသတ္တု တူးဖော်မှုတွေကြောင့် ထိုင်းမြောက်ပိုင်းမှာညစ်ညမ်းထိခိုက်မှုတွေ ပိုဆိုးရွားလာနေ​ဟုဆို

ဇွန်-၂၅၊၂၀၂၅/ People’s Spring

မြန်မာဖက်ခြမ်းက သတ္တု တူးဖော်မှုတွေရဲ့ ဆက်စပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေဟာ ထိုင်းမြောက်ပိုင်းကို သိသိသာသာ ခြိမ်းခြောက်လာနေတယ်လို့ The Nation သတင်းဌာနက​ဖော်ပြပါတယ်။

ထိုင်းရဲ့ The Nation သတင်းဌာနက ရှမ်းပြည်နယ်ထဲမှာ ရှိနေတဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးပြုတဲ့ အာဆင်းနစ်နဲ့ တခြား အဆိပ်အတောက် ဓာတုပစ္စည်းတွေဟာ နမ့်ခုတ်နဲ့ ဆိုင်မြစ်တွေထဲမှာ အန္တရာယ် ရှိလောက်တဲ့ ပမာဏမျိုးထိ ရောနှော ပျော်ဝင်နေကြောင်းဖော်ပြခဲ့ပါတယ်။

အဲဒီလိုညစ်ညမ်းမှုတွေဟာထိုင်းဖက်ခြမ်းက ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူနေမှုဘဝ၊ စားဝတ်နေရေးတွေကို ထိခိုက်လာရုံ မကဘဲ ဂေဟစနစ်ကိုပါ အကြီးအကျယ်ခြိမ်းခြောက်လာနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရေညစ်ညမ်းမှုတွေဟာ ရှမ်းပြည်နယ်ထဲမှာဝပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မြေရှားသတ္တု (REM) တူးဖော်မှုတွေကနေ မြစ်ဖျားခံတာလို့ The Nationက ဆိုပါတယ်။

မြေရှားသတ္တုတွေဟာ သန့်စင်နဲ့ ပြန်ပြည့်မြဲ စွမ်းအင် အသုံးပြု နည်းပညာ ပစ္စည်းတွေ တီထွင်ရာမှာ ထည့်သွင်း အသုံးပြုဖို့လိုအပ်ပေမယ့် သတ္တုတွေ တူးဖော်ထုတ်လုပ်တဲ့ အဆင့်တွေမှာတော့ သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်စေလေ့ ရှိပါတယ်။

အာဆင်းနစ်လိုမျိုး အဆိပ်အတောက် ဓာတ်သတ္တုတွေဟာ အဲဒီ သတ္တုတွေ တူးဖော်တဲ့ နေရာကနေ မြစ်ရေနဲ့အတူ ရောနှောပြီး ထိုင်းပိုင်နက်ဖက် စီးဝင် ရောက်ရှိလာတာဖြစ်ပါတယ်။ မတ်လ ၁၄ ရက်နေ့တုန်းက အဲဒီကိစ္စကို အကြောင်းပြုပြီး ချင်းမိုင်ဒေသက သာတုံရွာမှာ ဒေသခံတွေက မကျေမနပ် ဆန္ဒပြခဲ့ပါတယ်။

မူလတုန်းက မြစ်ရေညစ်ညမ်းမှုရဲ့ အကြောင်းရင်းဟာ ရွှေတူးဖော်မှုတွေကြောင့်လို့ ယူဆထားပေမယ့် ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ စုံစမ်းကြည့်တဲ့အခါ UWSA နယ်မြေတွေထဲမှာမြေရှားသတ္တုတွေ ထုတ်လုပ်မှုကြောင့် ဆိုတာကို သိရှိလာခဲ့တာပါ။

ဧပြီလထဲမှာထိုင်းရဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းလျှော့ချရေး ဌာနက နမ့်ခုတ်မြစ်ရဲ့ ရေနမူနာတွေကို စစ်ဆေးကြည့်တဲ့အခါအာဆင်းနစ် ဓာတ်သတ္တု ပါဝင်မှုဟာ ကျန်းမာရေး ထိခိုက်နိုင်ခြေ စံသတ်မှတ်ချက်ထိ သိသိသာသာ ပိုများနေတယ်လို့ ရလဒ်ထွက်လာခဲ့ပါတယ်။

ဆိုင်နဲ့မဲခေါင် မြစ်တွေမှာလည်း အလားတူ ရေနမူနာ စစ်ဆေးမှုတွေက ရေထုညစ်ညမ်းမှု ဆိုးရွားနေတာကို ညွှန်ပြနေပြီး မယ်ဆိုင်မှာတော့ ဒေသခံတွေက မြစ်ရေ အရောင်ပြောင်း နောက်ကျိလာတာနှစ်နဲ့ချီ ကြာခဲ့ပြီးပြီလို့ ပြောပါတယ်။

ဂြိုဟ်တုကရိုက်ယူထားတဲ့ဝေဟင်မှတ်တမ်း ဓာတ်ပုံတွေမှာတော့ ထိုင်းဖက်ကို စီးဆင်းတဲ့ မြန်မာဖက်ခြမ်းက မြစ်တွေနားမှာ မြေရှားသတ္တု တူးထားတဲ့ ကျင်းချိုင့်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီ တူးဖော်မှုတွေကို တရုတ် ရင်းနှီးမြှုပ်နှံသူတွေက လုပ်နေတာဖြစ်ပြီး ထုတ်ကုန်တွေကို တရုတ်ဖက် ပြန်တင်ပို့နေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ မြစ်များအဖွဲ့ရဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ပီယန်ပွန် ဒီတက်စ်က ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကျင့်ဝတ်စံနှုန်းတွေ ပြိုကွဲကုန်ပြီး အခုလို အခြေအနေတွေ ဆိုးရွားလာတာလို့ သုံးသပ်ပါတယ်။ သူက ထိုင်းအာဏာပိုင်တွေဖက်က တုံ့ပြန်မှုတွေ လျော့တိလျော့ရဲ ဖြစ်နေတာကို ဝေဖန်ခဲ့ပြီး မြန်မာ၊ တရုတ်၊ UWSAတို့ကို အခုကိစ္စနဲ့ ပတ်သက်လို့ သံတမန်ရေးအရ ပိုမို ဖိအားပေး တောင်းဆိုတာတွေ လုပ်သင့်ကြောင်း ပြောပါတယ်။

အခုအခါမှာတော့ မြစ်ရေ ညစ်နွမ်းမှု ပြဿနာဟာ ထိုင်းဖက်က ရေချို ငါးဖမ်းလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ ဆန်စပါး စိုက်ပျိုးရေး ကဏ္ဍတွေမှာပါ သက်ရောက် ထိခိုက်မှုတွေ ကြုံလာစေပါတယ်။ မြစ်တွေထဲမှာ ဖမ်းယူရရှိတဲ့ တချို့သော ငါးတွေဟာ အဆိပ်အတောက် ဓာတု ပစ္စည်းတွေနဲ့ ထိတွေ့တဲ့ အကျိုးဆက်ကြောင့်လို့ ယူဆရတဲ့ ပုံသဏ္ဍန် မူမမှန်တာမျိုးတွေပါ ဖြစ်နေတယ်လို့လည်း သိရှိရပါတယ်။

ကိုးကား-The Nation

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

ရသစာတမ်းငယ်

ကျုပ်နာမည် အုတ်ခုံ။ အပြည့်အစုံလား။ လမ်းဘေးအုတ်ခုံတဲ့။ ဂုဏ်တင်ပြီးခေါ်ရင်တော့ လမ်းဘေးထိုင်ခုံပေါ့ဗျာ။ ကျုပ် ဒီရောက်နေတာလား ဆယ်နှစ်လောက်ပေါ့။ ဒီလောက်ပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနားမှာ မြောင်းတွေဖေါ်မှ ကျုပ်ရောက်

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။