Connect with us

Hi, what are you looking for?

သတင်း

“ငါတို့မှာ ငါတို့ပဲရှိတယ် အမောင်ဇွဲသန်မှ အောင်လံချိတ်ရမည်” -၅/ကသာလူထုအောင်လံသပိတ်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၅)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

ဇွန်-၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၅)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့ သပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ ၅/ကသာလူထုအောင်လံသပိတ်အဖွဲ့နဲ့ ဒေသခံတော်လှန်ပြည်သူတွေ ပူးပေါင်းပြီး “ငါတို့မှာ ငါတို့ပဲရှိတယ် အမောင်ဇွဲသန်မှ အောင်လံချိတ်ရမည်”လို့​ရေးသားထားတဲ့ ဘန်နာကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပြည်သူတွေက ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး စစ်အာဏာရှင်စနစ် အလိုမရှိ၊ အာဏာရှင်ဟူသမျှ မုချကျရူံးပါစေ၊ မတရားမှု လုပ်ရပ်မှန်သမျှ ကျရူံးပါစေ၊ အကြမ်းဖက်သူများရဲ့ တရားမဝင်ရွေးကောက်ပွဲ လက်မခံဘဲ ဆန့်ကျင်ကြ စတဲ့ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင်မည်ရွှေရေကြည်သပိတ်အင်အားစုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ညနေဆည်းဆာသပိတ် ချီတက်ဆန္ဒပြခဲ့ပါတယ်။

အလားတူယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည် သပိတ်စစ်ကြောင်းဟာ ဒေသခံပြည်သူတွေနဲ့ စုပေါင်းပြီး အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်တွေကိုနေ့စဉ်ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။