Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဆေးခြောက် တရားဝင် အသုံးပြုခွင့် ပြန်ရုပ်သိမ်းဖို့ စီစဉ်နေ

ထိုင်းမှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ပြုထားတာကို ပြန်လည် ပိတ်ပင်ဖို့ အစိုးရက စီစဉ်နေတဲ့နောက် ဒေါ်လာ ၁ ဘီလီယံကျော်လောက် တန်ဖိုးရှိတဲ့ ဆေးခြောက် ထုတ်လုပ် ရောင်းချမှု စီးပွားရေး လုပ်ငန်းအတွက် နောက်ဆက်တွဲ မရေရာမှုတွေ ကြုံလာနိုင်ခြေ ရှိနေပါတယ်။

Reuters

ထိုင်းမှာ ဆေးခြောက်ကို တရားဝင် သုံးစွဲခွင့် ပြုထားတာကို ပြန်လည် ပိတ်ပင်ဖို့ အစိုးရက စီစဉ်နေတဲ့နောက် ဒေါ်လာ ၁ ဘီလီယံကျော်လောက် တန်ဖိုးရှိတဲ့ ဆေးခြောက် ထုတ်လုပ် ရောင်းချမှု စီးပွားရေး လုပ်ငန်းအတွက် နောက်ဆက်တွဲ မရေရာမှုတွေ ကြုံလာနိုင်ခြေ ရှိနေပါတယ်။

ထိုင်းဟာ ဆေးခြောက်ကို နိုင်ငံရဲ့ မူးယစ်ဆေးဝါးအဖြစ် ထည့်သွင်း စာရင်းသတ်မှတ်ထားမှုကနေ ၂၀၂၂ ခုနှစ်မှာ ဖယ်ရှားပေးခဲ့ပါတယ်။ အဲဒီ အချိန်ကစလို့ ဆေးခြောက်ကို စိတ်အပန်းဖြေမှုအတွက် ရောင်းချမှုတွေ၊ ဝယ်ယူသုံးစွဲမှုတွေ ဆက်တိုက် မြင့်တက်လာပြီး အလားအလာကောင်းတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လျင်လျင်မြန်မြန် တိုးတက်ကြီးထွားလာနေပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ထိုင်းအစိုးရဟာ ဆေးခြောက်ကို စိတ်အပန်းဖြေဖို့ သက်သက်အတွက် ဝယ်ယူသုံးစွဲတာတွေကို ကန့်သတ် ထိန်းချုပ်ဖို့ ညွှန်ကြားချက်တွေ စတင် ထုတ်ပြန်လာပါတယ်။ ဆေးခြောက် တရားဝင် အသုံးပြုခွင့် ရရှိအောင် ဦးဆောင်ဦးရွက် အားပေးခဲ့တဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီက ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရထဲက နုတ်ထွက်သွားခဲ့ပြီး ရက်အနည်းငယ် အကြာမှာပဲ ပြည်တွင်းက ဆေးခြောက် ဝယ်ယူသုံးစွဲခွင့် မူဝါဒနဲ့ ပတ်သက်လို့ လှုပ်ခတ်မှုတွေ ပေါ်ပေါက်လာတာပါ။

ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းမှာတော့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ဆေးခြောက် အရောင်းဆိုင်တွေ အနေနဲ့ ဆရာဝန်ရဲ့ ထောက်ခံချက် လက်မှတ်မပါရင် ဆေးခြောက်မရောင်းပေးဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ စိတ်အပန်းဖြေမှု သက်သက်အတွက် ဆေးခြောက် ဝယ်ယူခွင့်ကို စတင် ကန့်သတ် ထိန်းချုပ်လိုက်တဲ့ အဓိပ္ပါယ်လို့လည်း ဆိုနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အနာဂတ်မှာတော့ ဆေးခြောက်ကို မူးယစ်ဆေးဝါး အမျိုးအစား တစ်ခုအဖြစ် ပြန်ပြီး စာရင်းသွင်း သတ်မှတ်ဖို့ ရှိနေကြောင်းလည်း ကျန်းမာရေးဝန်ကြီး ဆွမ်ဆက်ခ် သပ်ဆူသင်က ပြောပါတယ်။

အဲဒီသတင်း ထွက်ပေါ်လာပြီးတဲ့နောက် နိုင်ငံအနှံ့က ဆေးခြောက် အရောင်းဆိုင်တွေမှာ ကြိုတင် ဝယ်ယူစုဆောင်းသူတွေကြောင့် ရောင်းအား သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။

မူလကတော့ ထိုင်းမှာ ဆေးဖြစ်ဝါးဖြစ်ရော၊ စိတ်အပန်းဖြေမှု အတွက်ပါ ဆေးခြောက်တွေ ရောင်းချရမှု တန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၁.၂ ဘီလီယံထိ များပြားနိုင်ကြောင်း ခန့်မှန်းထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook