Connect with us

Hi, what are you looking for?

News

နတ်​မောက်​ဈေးမီး ဆိုင်ခန်း​​ပေါင်း ၂၄၂ ခန်း ဆုံးရှုံး၊ စစ်​ကောင်စီတပ်ကမီးရှို့ခြင်းဟု ပြည်သူများသုံးသပ်

“မြို့မစျေးက ဒေသခံတွေ အားထားရတဲ့စျေး။ မီးမလောင်ခင် ယခင်ရက်တွေကတည်းက စျေးထဲမှာ ဟိုပစ္စည်းပျောက်၊ ဒီပစ္စည်းပျောက်နဲ့။ ပြည်သူတွေအပြင်မထွက်ရဲချိန် စစ်တပ်ပဲလမ်းပေါ်ရှိတာ။ အခုလည်း သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

နတ်မောက်မြို့မစျေး မီးလောင်မှုအတွင်း ဆိုင်ခန်းပေါင်း ၂၄၂ခန်း ဆုံးရှုံးခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနပ်ကမီး ရှို့ခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။

နတ်မောက်မြို့ရှိ အဓိကစျေးကြီးဖြစ်သော မြို့မစျေးသည် ယမန်နေ့(နိုဝင်ဘာ ၁၃)ညကိုးနာရီခန့်ကစ၍ မီးလောင်ခဲ့ပြီး ည ၁၁နာရီကျော်မှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ရသည့်အကြောင်းရင်းကို တိတ်ကျကျ မသိရသေးသော်လည်း အကြမ်းဖက်စစ်ကောင်စီက ရှို့ခြင်းဟု ဒေသခံများကပြောသည်။

“မြို့မစျေးက ဒေသခံတွေ အားထားရတဲ့စျေး။ မီးမလောင်ခင် ယခင်ရက်တွေကတည်းက စျေးထဲမှာ ဟိုပစ္စည်းပျောက်၊ ဒီပစ္စည်းပျောက်နဲ့။ ပြည်သူတွေအပြင်မထွက်ရဲချိန် စစ်တပ်ပဲလမ်းပေါ်ရှိတာ။ အခုလည်း သူတို့ ရည်ရွယ်ချက်ရှိရှိလုပ်တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဆိုင်ခန်းမီးလောင်ဆုံးရှုံးခဲ့သော ဒေသခံတစ်ဦးကလည်း” “စစ်တပ်က လူထုကို ရိက္ခာ ဖြတ်တာနေမယ်။ ဈေးမီးလောင်မှ ကုန်ဈေးနှုန်းတက်မှာ။ လူထုက သူ့အပူနဲ့သူ ရှိနေမှ သူတို့ကို မတော်လှန်နိုင်မှာ ဆိုပြီး ယုတ်ပတ်တာ” ဟုသုံးသက်သည်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်အောင်ဆန်း၏ဇာတိဖြစ်သော မကွေးတိုင်းဒေသကြီး နတ်မောက်မြို့တွင် ဖြစ်ခဲ့သည့် နှစ်နာရီခန့်ကြာ မီးလောင်မှုအတွင်း ဆိုင်ခန်းပေါင်း ၂၄၂ခန်း ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။