Connect with us

Hi, what are you looking for?

သတင်း

ဗန်က UFC ဖလိုင်းဝိတ်တန်းအဆင့် ၁ ကိုအနိုင်ယူ

ဒီနိုင်ပွဲ​ကြောင့် UFC ချန်ပီယံခါးပါတ်စိန်​ခေါ်ခွင့် ရရှိ

ဓါတ်ပုံ- UFC

ဇွန်-၂၉၊၂၀၂၅။သုည/People’s Spring

UFC ၃၁၇ ပြိုင်ပွဲမှာမြန်မာပြည်ဖွားချင်းဖိုက်တာ ​​ဂျိုရှုအာဗန် က ဖလိုင်းဝိတ်တန်းမှာ ကမ္ဘာ့အဆင့် ၁ရှိတဲ့ဘရန်ဒန်ရွိင်ဗယ်ကို အနိုင်ယူလိုက်ပါတယ်။

မြန်မာအချိန် ဇွန် ၂၉ ရက်မနက် ( အ​မေရီကန်စံ​တော်ချိန် ( ဇွန် ၂၈ ရက်ည) မှာ ယှဥ်ပြိုင်ခဲ့တဲ့ UFC ၃၁၇ ရဲ့ အဓိကပွဲစဥ် ၁ ခုဖြစ်တဲ့ ​ဂျိုရှုအာဗန် နဲ့ ဘရန်ဒန် ရွိုင်ဗယ် တို့ပွဲစဥ်ဟာ လက်သီး​တွေကို အဓိကအသုံးပြု အပြင်းအထန်ယှဥ်ပြိုင်ထိုးသတ်ကြပြီး နှစ်ဦးစလုံးလည်း မျက်နှာ​တွေမှာ​ဒဏ်ရာကိုယ်စီရကြပါတယ် ။​

ပထမအချီမှာဗန်ကအသာစီး ထိုးသတ်နိုင်ခဲ့​ပေမယ့် ဒုတိယအချီမှာ ရွိုင်ဗယ်က လက်သီးချက် ကစ်ဘောက်ဆင်း ကန်ချက်​တွေနဲ့အပြန်အလှန် ဖြစ်ခဲ့ပါတယ်။ ​နောက်ဆုံးအချီဖြစ်တဲ့ တတိယအချီ မှာ အပြင်းထန်ဆုံးဖြစ်ပြီးဗန်ရဲ့ဘယ်၊ညာ လက်သီးချက်​တွေ​ကြောင့်ရွိုင်ဗယ်အထိနာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးအချီ​မှာ ဗန်ရဲ့တိကျပြီးပြင်းထန်တဲ့ ထိုးချက်​တွေ​ ရွိုင်ဗယ်မျက်နှာထိကြမ်းခင်းမှာလဲကျသွားခဲ့​ပါတယ်။ဗန်ကလည်းကြမ်းခင်း​ပေါ်က ပြိုင်ဘက်ကို အမြန်ပွဲဖြတ်ဖို့အပြင်းအထန်လိုက်ထိုးပေမယ့် ပွဲချိန်​စေ့သွားလို့ အလဲထိုးနိုင်မယ့်အခွင့်အ​ရေးပွတ်ကာသိကာလက်လွတ်လိုက်ရတာပါ ။

ပွဲအပြီးမှာ အမှတ်​ပေး ဒိုင်​တွေ ၃ ဦးစလုံးက ဗန်ကို အနိုင်​​ပေးလိုက်တာမို့ ဗန်ဟာ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့အဆင့် ၁ ကိုအနိုင်ယူပြီး အမြင့်ခုန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ် ။

UFC ရဲ့အမှု​ဆောင်အရာရှိချုပ် ဒါနာဝှိုက်က အခုပွဲနိုင်သူဟာ ချန်ပီယံခါးပတ်ပိုင်ရှင်ကို စိန်​ခေါ်ခွင့်ရှိမယ်လို့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ​ပြောထားတာမို့ အသက် ၂၃ နှစ်အရွယ်ဗန်ဟာအခုဆိုရင် ကမ္ဘာ​ကျော်သိုင်း​ပေါင်းစုံပြိုင်ပွဲ​တွေထဲမှာ နာမည်အကြီးဆုံး UFC ရဲ့ ချန်ပီယံခါးပါတ်ပိုင်ရှင်ဖြစ်လာဖို့က အလွန် နီးစပ်လာပြီဖြစ်ပါတယ် ။ဗန်ဟာ သိုင်း​ပေါင်းစုံ( MMA ) ပြိုင်ပွဲ​တွေထဲမှာ နာမည်အကြီး ဖြစ်တဲ့ UFC ပြိုင်ပွဲမှာ ပထမဆုံးယှဥ်ပြိုင်ခွင့်ရတဲ့မြန်မာဖိုက်တာလည်းဖြစ်ပါတယ်။

ပွဲမထိုးခင်က UFCဖလိုင်းဝိတ်တန်းမှာ အဆင့် ၁၁ ​နေရာ က​နေ အဆင့် ၁ ကို ဖြုတ်လိုက်တာ​ကြောင့် ဗန်ရဲ့ UFC အဆင့်သတ်မှတ်ချက် ခုန်တက်လာ​တော့မှာဖြစ်ပါတယ် ။

ဒီပွဲအနိုင်ကြောင့် ဗန်ဟာ UFCပြိုင်ပွဲ နောက်ဆုံး ၅ ပွဲဆက်အနိုင်ရခဲ့တာပါ။ ဒီ ၅ ပွဲ လုံးကို ၁ နှစ်အတွင်းယှဥ်ပြိုင်အနိုင်ရခဲ့တာမို့ ဗန်ရဲ့ အမြင့်ခုန်တက်လာပုံက မြန်ဆန်လွန်းတယ်လို့ UFC ကမ္ဘာ​ကျော် ဖိုက်တာ​တွေက​တောင်သုံးသပ်ကြပါတယ်။

ချင်းတိုင်းရင်းသားဗန် အတွက် UFC မှ (၉) ပွဲယှဥ်ပြိုင်ခဲ့ပြီး(၈)ပွဲအထိအနိုင် ၊တစ်ပွဲပဲရှုံးထားတဲ့မှတ်တမ်းရှိပါတယ် ။

ဗန်ဟာ မြန်မာပြည်ဖွားချင်းတိုင်းရင်းသားဖြစ်ပြီး ​တော့ အ​မေရီကန်နိုင်ငံကို ငယ်စဥ်ကတည်းကမိသားစုနဲ့အတူ ပြောင်း​ရွှေ့အ​ခြေချ​နေထိုင်သူဖြစ်ပါတယ် ။ မြန်မာနိုင်ငံကိုချစ်ပြီးဗန်ဟာ UFC ပြိုင်ပွဲ​တွေမှာ ​အောင်ပွဲခံတိုင်း မြန်မာနိုင်ငံအလံနဲ့ ​အောင်ပွဲခံ​လေ့ရှိပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ Sihhmui စစ်ဘေးရှောင်စခန်းကို ဒီနေ့ မေလ ၂၉ရက်မှာ သွားရောက်လည်ပတ်ခဲ့ပါတယ်။