Connect with us

Hi, what are you looking for?

သတင်း

မင်းကွန်း​ဒေသတိုက်ပွဲ စစ်တပ်စစ်​ကြောင်းပျက် အ​လောင်းနှင့် လက်နက်များရ

စစ်ကိုင်းမြို့နယ်၊မင်းကွန်း​ဒေသတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းပျက်သွားပြီး အလောင်းနှင့်လက်နက်ခဲယမ်းများရရှိကြောင်းယူနီကွန်းပျောက်ကြား တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်တပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ။ ဓါတ်ပုံ-​ပေး​ပို့

ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကိုင်းမြို့နယ်၊မင်းကွန်း​ဒေသတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းပျက်သွားပြီး အလောင်းနှင့်လက်နက်ခဲယမ်းများရရှိကြောင်းယူနီကွန်းပျောက်ကြား တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇွန်လ၂၇ ရက်တွင်မင်းကွန်း တောင်ရွာရှိ နဂါးပတ်တောင်စခန်းကုန်း သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းမှ သုံ့ပန်းအရှင် ငါးဦးနှင့် လက်နက်ခဲယမ်း ရရှိခဲ့သည်ဟု သိရသည်။

ထို့နောက် ဇွန် ၂၈ ရက်တွင် စစ်ကောင်စီတပ်စွဲ ထားသည့် မင်းကွန်းတိုက်နယ်မှ ချောင်းမကြီးနှင့် ကင်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်စစ်ကြောင်းပျက်ခဲ့ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

“၂၈ ရက်နေ့ ချောင်းမကြီးနဲ့ ကင်းကျေးရွာက စစ်ကြောင်းကို ဝင်လုံးတယ်စစ်ကြောင်းပျက်ပြီး ဆုတ်ပြေးတယ်။အလောင်းလနတွေရတယ်ကိုယ့်ဘက်ကအထိအခိုက်အကျအဆုံးရှိတယ်”ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။

People’s Springကသီးခြားရရှိသည့်အချက် အလက်များအရ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းတွင် G3 လေးလက်၊MA 1 နှစ်လက်၊G3 ကျည် ၁၇၀ ၊၅ ဒသမ ၅၆ ကျည် ၁၀၀ ဝန်းကျင် ၊ စစ်အသုံး ဆောင် ဦးထုတ်ငါးလုံး နှင့် အကျီ ခုနှစ်ထည် ဖြစ်သည်။

ဇွန်လ ၅ ရက် နေ့က စစ်ကောင်စီ၏ တပ်မ ၃၃ ဦးဆောင်၍ အင်အား ၃၀၀ ဝန်းကျင်ဖြင့် မင်းကွန်းတိုက်နယ်ကို စစ်ကြောင်း ထိုးခဲ့ပြီး ကင်းရွာ နှင့် ချောင်းမကြီးရွာတို့ကိုမီးရှို့ကာကျောင်းထိုင်ဆရာ တော်အပါအဝင်ပြည်သူလေးဦးကိုသတ်ဖြတ်ခဲ့သည်။

“ရွေးကောက်ပွဲကြောင့်နယ်မြေတွေပြန်စိုးမိုးချင်လို့”ဟု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုအပေါ် သုံးသပ်​ပြောကြားသည်။

စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးတပ်များ ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်၊ ခဲယမ်းမလုံလောက်မှုကြောင့် ကင်းရွာနှင့် ချောင်းမကြီးရွာမှ ဆုတ်ခွာပေးခဲ့ရသည်။

ထို့နောက် တော်လှန်ရေးတပ်များက ဇွန်လ၂၇ ရက်နံနက်ပိုင်းက အင်အားပြန်စုစည်းပြီးနောက် နဂါး ပတ်တောင် စခန်းကုန်း၊ ချောင်းမကြီးနှင့် ကင်းကျေးရွာကို ပြန်လည်တိုက်ခိုက်ပြီးစိုးမိုးနိုင်ခဲ့သည်။

“တိုက်ပွဲကသိပ်မကြာဘူး။စစ်တပ်ဘက်က ၄ယောက် အရှင်မိတယ်။သေဆုံးလည်းများတယ်။အဲဒီနောက်စကစ က မင်းကွန်းကိုဆုတ်သွားတယ်”လို့ တော် လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။

မင်းကွန်းတိုက်ပွဲအတွင်းရှိနေသည့် ရဲဘော်တစ်ဦးကလည်း “လက်ရှိစစ်ကောင်စီတပ်စွဲထားတာကတော့မြသိန်းတန်ဘုရားပေါ်ရောက်သွားပါပြီ”ဟု ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး ကျည်ကာ အင်္ကျီနှင့် ဦးထုပ်မပြည့်စုံသော ကြောင့်ဟု အသိပေးသည်။လက်ရှိ စစ်ကောင်စီတပ်သည် မင်းကွန်းရွာထဲတွင်ရှိနေပြီးမင်းကွန်းတောင်ရွာရှိ အိမ်ခြေ ၆၀၀ ခန့်ကို မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook