Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးတွင် ပြည်သူလေးဦးကို စစ်ကောင်စီက မတရား ဖမ်းဆီး

“နှစ်ယောက် အဖမ်ခံထိတယ်။ အတီး(ရိုက်နှက်ခြင်း)လည်း ခံလိုက်ရတယ်”ဟု ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ယနေ့(နိုဝင်ဘာ ၁၄)နေ့လယ်ပိုင်းက ပြည်သူလေးဦးကို စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရမှုများတွင် ပဲခူးမြို့ ဆိုရှယ်လစ် (၁၃)လမ်းထိပ်၌ လူငယ်နှစ်ဦး၊ ကျောက်ကြီးစု ကမ်းနားလမ်း၌ လူငယ်တစ်ဦးနှင့် ညောင်အင်းဈေးလေးအနီ အမျိုးသားတစ်ဦး အသီးသီးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“နှစ်ယောက် အဖမ်ခံထိတယ်။ အတီး(ရိုက်နှက်ခြင်း)လည်း ခံလိုက်ရတယ်”ဟု ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဆိုရှယ်လစ် (၁၃)လမ်းထိပ်၌ ဖမ်းဆီးခံရသည့်လူငယ်နှစ်ဦးမှာ စီးဘီးစီးလာစဉ် စစ်ကောင်စီတပ်သားများ၏ တားဆီးစစ်ဆေးခံရချိန် ၎င်းတို့လက်ကိုင်ဖုန်းတွင် နိုင်ငံရေးနှင့်သက်ဆိုင်သည်များတွေ့ရှိသည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ယင်းဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျောက်ကြီးစု ကမ်းနားလမ်းနေလူငယ်တစ်ဦးအား အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်များက နေအိမ်သို့လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့်လူငယ်၏ ဆွေမျိုးတော်စပ်သူက အတည်ပြုသည်။

“မတရား ဖမ်းဆီးခံရတာပါ။ အိမ်ကိုလည်း လာမွှေသွားပါတယ်”ဟု ၎င်းက ပြောသည်။

အလားတူ ညောင်အင်းဈေးလေးအနီး ဖမ်းဆီးခံရသည့်အမျိုးသားမှာ လင်မယားနှစ်ယောက် ဆိုင်ကယ်ဖြင့် ဈေးသို့လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ်နှင့်သူများအနောက်မှလိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးစဉ် အဖမ်းခံရသည့်အမျိုးသား ဆိုင်ကယ်ရပ်ချိန်ကိုစောင့်၍ အနီးသို့လာကာ “မင်းလုပ်နေတာတွေ အကုန်သိတယ်”ဟု ပြောဆိုကာ လက်ထိပ်ခတ်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူကိုကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ပဲခူးမြို့ပေါ်ရပ်ကွက်များရှိ ဖြတ်လမ်းများနှင့် လူစည်ကားသည့်နေရာအနီးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယူနီဖောင်ဖြင့်တမျိုး၊ အရပ်ဝတ်ဖြင့်တဖုံ ကင်းပုံများချထားကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

သတင်း

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။