Connect with us

Hi, what are you looking for?

News

ပဲခူးတွင် ပြည်သူလေးဦးကို စစ်ကောင်စီက မတရား ဖမ်းဆီး

“နှစ်ယောက် အဖမ်ခံထိတယ်။ အတီး(ရိုက်နှက်ခြင်း)လည်း ခံလိုက်ရတယ်”ဟု ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့တွင် ယနေ့(နိုဝင်ဘာ ၁၄)နေ့လယ်ပိုင်းက ပြည်သူလေးဦးကို စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရမှုများတွင် ပဲခူးမြို့ ဆိုရှယ်လစ် (၁၃)လမ်းထိပ်၌ လူငယ်နှစ်ဦး၊ ကျောက်ကြီးစု ကမ်းနားလမ်း၌ လူငယ်တစ်ဦးနှင့် ညောင်အင်းဈေးလေးအနီ အမျိုးသားတစ်ဦး အသီးသီးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“နှစ်ယောက် အဖမ်ခံထိတယ်။ အတီး(ရိုက်နှက်ခြင်း)လည်း ခံလိုက်ရတယ်”ဟု ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဆိုရှယ်လစ် (၁၃)လမ်းထိပ်၌ ဖမ်းဆီးခံရသည့်လူငယ်နှစ်ဦးမှာ စီးဘီးစီးလာစဉ် စစ်ကောင်စီတပ်သားများ၏ တားဆီးစစ်ဆေးခံရချိန် ၎င်းတို့လက်ကိုင်ဖုန်းတွင် နိုင်ငံရေးနှင့်သက်ဆိုင်သည်များတွေ့ရှိသည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ယင်းဒေသခံက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကျောက်ကြီးစု ကမ်းနားလမ်းနေလူငယ်တစ်ဦးအား အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်များက နေအိမ်သို့လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့်လူငယ်၏ ဆွေမျိုးတော်စပ်သူက အတည်ပြုသည်။

“မတရား ဖမ်းဆီးခံရတာပါ။ အိမ်ကိုလည်း လာမွှေသွားပါတယ်”ဟု ၎င်းက ပြောသည်။

အလားတူ ညောင်အင်းဈေးလေးအနီး ဖမ်းဆီးခံရသည့်အမျိုးသားမှာ လင်မယားနှစ်ယောက် ဆိုင်ကယ်ဖြင့် ဈေးသို့လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ်နှင့်သူများအနောက်မှလိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးစဉ် အဖမ်းခံရသည့်အမျိုးသား ဆိုင်ကယ်ရပ်ချိန်ကိုစောင့်၍ အနီးသို့လာကာ “မင်းလုပ်နေတာတွေ အကုန်သိတယ်”ဟု ပြောဆိုကာ လက်ထိပ်ခတ်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူကိုကိုးကားပြီး ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ပဲခူးမြို့ပေါ်ရပ်ကွက်များရှိ ဖြတ်လမ်းများနှင့် လူစည်ကားသည့်နေရာအနီးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယူနီဖောင်ဖြင့်တမျိုး၊ အရပ်ဝတ်ဖြင့်တဖုံ ကင်းပုံများချထားကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။