Connect with us

Hi, what are you looking for?

သတင်း

ကမ္မမြို့မှ စစ်ရှောင်များအကူအညီလိုအပ်

မကွေးတိုင်းအတွင်းအင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာ​သောစစ်တပ်​ကြောင့်ကမ္မမြို့မှ ​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​​ရှောင်​နေကြရပြီး အကူအညီများစွာလိုအပ်​​နေသဖြင့်ကူညီပေးကြရန် ပခုက္ကူမြို့နယ်လူသားချင်းစာနာထောက်ထားရေးတာဝန်ခံနှင့် ကျောင်းသားတပ်တော်(ABSDF) တာဝန်ရှိသူက ပြောသည်။

စစ်တပ်၏ ကားတန်းပခက္ကူမြို့နယ်မှထွက်လာစဥ်။ ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၁၊၂၀၂၅။‌ဇော်ရမ်း/People’s Spring

မကွေးတိုင်းအတွင်းအင်အားအများအပြားဖြင့်စစ်ကြောင်းထိုးလာ​သောစစ်တပ်​ကြောင့်ကမ္မမြို့မှ ​ဒေသခံပြည်သူများထွက်​ပြေးတိမ်း​​ရှောင်​နေကြရပြီး အကူအညီများစွာလိုအပ်​​နေသဖြင့်ကူညီပေးကြရန် ပခုက္ကူမြို့နယ်လူသားချင်းစာနာထောက်ထားရေးတာဝန်ခံနှင့် ကျောင်းသားတပ်တော်(ABSDF) တာဝန်ရှိသူက ပြောသည်။

ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောင်းများသည် မေလ ၂၉ရက်မှစ၍ ကမ္မမြို့သို့ ဝင်ရောက်လာခြင်းဖြစ်ပြီး မြို့ခံများ စစ်ဘေးရှောင်နေရသည်မှာ တစ်လကျော်​​နေပြီဖြစ်သည်။

“၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အချိန်အကြာဆုံးစစ်ဘေးရှောင်နေရတာ။ လချီကြာလာလို့ ပြည်သူတွေပင်ပန်းလာတဲ့အခြေအနေရှိပါတယ်။မကွေးတိုင်းမှာ လက်တလောအင်အားအများဆုံးနဲ့စစ်ကြောင်းထိုးနေလို့ ဒေသခံတွေရဲ့အခက်အခဲကို အာရုံစိုက်ပေးစေချင်ပါတယ်” ဟုပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးတာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

မြို့ပေါ်နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု၎င်းက‌‌ဆက်​​ပြောသည်။

ကမ္မမြို့ပေါ်သို့ရောက်ရှိနေသည့် စစ်ကောင်စီစစ်ကြောင်းကို တပ်မ(၁၀၁) ဒုတပ်မမှူးဦးဆောင်နေခြင်းဟု သိရသည်။တပ်မ(၁၀၁)လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅တို့ပါဝင်ပြီး ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၅၊၆၊၇၊၈၊၉ မှသင်တန်းဆင်းများလည်းပါဝင်သည်။

လက်ရှိအချိန်အထိ မြို့တွင်း၌ တပ်စွဲထားဆဲဖြစ်ကြောင်း ABSDF တပ်ရင်း(၃) ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်ကပြောသည်။

“ရန်သူကလည်းရှေ့မတက်ဘဲတန့်နေတယ်။ အင်အားက ထောင်ချီရှိတယ်။ လေကြောင်းပစ်ကူနဲ့တစ်မိုင်လောက်ရွှေ့လိုက်၊နှစ်မိုင်လောက်ရွှေ့လိုက်ဆိုတော့ ကမ္မမြို့အနီးတစ်ဝိုက်နဲ့ကျေးရွာတွေကပြည်သူတွေ တော်တော်ဒုက္ခရောက်နေတယ်” ဟုကိုပြည့်ဖြိုးကျော်ကပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို ​ဒေသတွင်းရှိ ​တော်လှန်​ရေးတပ်ဖွဲ့များကလည်း တိုက်ခိုက်မှုအချို့ပြုလုပ်​နေ​သော်လည်း စစ်​ကြောင်းအထိနာ​​အောင်မတိုက်ခိုက်နိုင်​သေး​ပေ။

ဇွန်လ ၂၆ရက်‌ နေ့က မြို့ပေါ်တွင် အမိုးဖွင့်ကားဖြင့် ပတ်တ်မောင်းနေသော စစ်ကောင်စီ ကားနှစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၇ဦးသေဆုံးသွားသည်ဟုပခုက္ကူPDF (PPDF) က သတင်းထုတ်ပြန်ထားသည်။အဆိုပါ စစ်ကောင်စီကားနှစ်စီးသည် ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေစဉ် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အောင်ကျော် (RG) ၊ မြို့နယ် ပလဖ ၊ Tiger Warrior Force (TWF) ၊ အညာမြေပြောက် ကျားတပ် ဖွဲ့ (ကိုဇော်မိုက်) ၊ ကိုရေခဲနှင့် ကိုဗလဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့ (YGF) တို့နှင့်အတူ ပူး ပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု PPDFက ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီက မြို့ပေါ်တွင်လည်းအင်အားသုံး၍စစ်ကြောင်းလှုပ်ရှားနေပြီးလက်ရှိတွင်ကမ္မမြို့ပေါ်အပြင် သာကြီးတောင်၊ ရိုးဇရပ်၊ မကျီးသုံးပင်ကျေးရွာတို့တွင် တပ်စွဲထားပြီး လက်နက်ကြီးများပစ်ခတ်မှုရှိနေသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။