Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့ပေါ်မှာတိုက်ပွဲဖြစ်၊အထိနာတဲ့စစ်အုပ်စုက ပကဖအဖွဲ့ဝင်ဟောင်းတဦးကိုခေါင်းဖြတ်သတ်

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး

ဇူလိုင်-၃၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတဦးသေဆုံးပြီးနောက် စစ်အုပ်စုက မြို့ပေါ်နေ ပကဖအဖွဲ့ဝင်ဟောင်းတဦးကို ခေါင်းဖြတ်သတ်ဖြတ်သွားကြောင်း မြို့ခံတွေက ပြောပါတယ်။

ဇူလိုင် (၁)ရက်နေ့ မနက် (၉) နာရီခန့်က ခင်ဦးမြို့ပေါ် ဆေးရုံက စစ်ကောင်စီတပ်သားတွေ ကင်းလှည့်ထွက်ချိန်တော်လှန်ရေးအဖွဲ့တွေကိုမြင်ပြီး လိုက်ပစ်ရာက အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကြာချိန်တနာရီလောက်ရှိမယ်။ စကစဘက်က တပ်သား ၁ ဦးသေတယ်။ ဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦး ဒဏ်ရာရတယ်။”လို့ အထက်ပါ အဖွဲ့ဝင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် အထိနာသွားတဲ့ စစ်အုပ်စုက စစ်အုပ်စုက မြို့ပေါ်နေ ပကဖအဖွဲ့ဝင်ဟောင်း အမျိုးသားတဦးကိုလည်း ဝင်ရောက် ခေါင်းဖြတ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့လူက ၂၀၂၁၊ ၂၀၂၂ လောက်အထိ အထိ ပကဖအဖွဲ့ဝင်ခေါင်းဆောင် တစ်ဦးဖြစ်တယ်။ မိန်းမရပြီး ထွက်တဲ့သဘောပါ။”လို့ ခင်ဦး ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုက တော်လှန်ရေးအဖွဲ့တွေကို လိုက်လံပစ်ခတ်ရင်း မြို့တောင်ဘက်က တော်လှန်ရေးကင်းစခန်းတခုကို စီးနင်းခဲ့ကြောင်း၊ လက်လုပ်‌သေနတ်တွေအပါအဝင်မိုင်းပစ္စည်းတချို့သိမ်းဆည်းခံရကြောင်း ဒေသတွင်း ကာကွယ်ရေးရဲဘော်တချို့က ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေဘက်က ထိခိုက်သေဆုံးတာတော့မရှိဘူးလို့သိရပါတယ်။

ခင်ဦးမြို့နယ်ဟာ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက ရရာလက်နက်နဲ့ စစ်အုပ်စုကို ပြန်လည်ခုခံခဲ့တဲ့ဒေသဖြစ်ပြီး ကျေးရွာပေါင်းများစွာက အိမ်ခြေထောင်ချီ မီးရှို့ခံရကာ ပြည်သူနဲ့ရဲဘော် ရာချီ သတ်ဖြတ်ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။