Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲဆက်ဖြစ်၊ ​ဒေသခံများ လေကြောင်းအန္တရာယ်သတိပြုရန် ​တော်လှန်​ရေးအဖွဲ့များသတိ​ပေး

ဖားကန့်တွင်လက်ရှိ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု ထပ်ရှိနေပြီး ဇူလိုင်လ ၄ရက်တိုက်ပွဲ၌ အရပ်သားနှစ်ဦးသေဆုံးခဲ့ကာ ရုပ်အလောင်း မကောက်နိုင်သေးဘဲ စစ်ရေးဆက်လက်တင်းမာနေသည်။

ဇူလိုင် ၄ ရက်တွင် စစ်တပ်စစ်​ကြောင်းထိုးလာသဖြင့် ညတွင်းချင်းထွက်​ပြေးတိမ်း​ရှောင်​နေကြ​သောဖားကန့်​ဒေသခံများ။ဓါတ်ပုံ-​ဒေသခံ

ဇူလိုင်-၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင်လက်ရှိ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု ထပ်ရှိနေပြီး ဇူလိုင်လ ၄ရက်တိုက်ပွဲ၌ အရပ်သားနှစ်ဦးသေဆုံးခဲ့ကာ ရုပ်အလောင်း မကောက်နိုင်သေးဘဲ စစ်ရေးဆက်လက်တင်းမာနေသည်။

ဇူလိုင် ၄ ရက်​နေ့ညက အေးမြသာယာရပ်ကွက်တွင် ဖြစ်ပွားသည့်တိုက်ပွဲ၌ အရပ်သားအချို့ထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေကမရှိတော့ဘူး။ညကစစ်ကြောင်းဝင်လာပြီး ပြေးကြလွှားကြနဲ့ ရှုပ်ယှက်ခတ်နေတာ။အခုမနက်သတင်းအရတော့သေဆုံးတာ အရပ်သားနှစ်ဦး။ဘယ်သူမှဝင်မရဘူးလေ။ဘယ်လိုမှကောက်မရဘူး”ဟုဖားကန့်မှ လူမှုကူညီရေးလုပ်နေသူတဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းသည် ဖားကန့်ဗျူဟာကုန်းကို သွားမည့်လမ်းပိုင်းနေရာများအား စစ်ကြောင်းထိုးနေပြီး လက်ရှိတွင် မော်မောင်းဘွမ်၊ လမောင်ကုန်းနေရာတို့၌ ​KIA ၊KPDFတို့နှင့် တိုက်ပွဲပြင်းထန်နေကြောင်းသတင်းရရှိသည်။

စစ်ကောင်စီစစ်ကြောင်း ၄ ကြောင်းသည် ဖားကန့်မြို့၊ မြို့မရပ်ကွက်၊ အေးမြသာယာရပ်ကွက်၊ အမှိုက်ပုံ၊ မှော်မောင်းလယာန်၊ မော်ဝမ်းကလေး၊ မှော်ဝမ်းကြီး၊ အင်မားယာန်၊ ရှ‌ရော်ခ၊‌ တောင်ပြို၊ ဗလခမှော်တို့တွင်လည်း ရှိနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း ဒေသခံများကပြောသည်။

​ဒေသခံစစ်ဘေးရှောင်လူဦးရေ ၁၀၀၀ ကျော်နေပြီး ဒေသခံများအချင်းချင်း အကူအညီပေးနေကြသည်။

ဖားကန့်ဒေသသို့ စစ်တပ်စစ်ကြောင်းဝင်ရောက်လာသည့် မေလကုန်၊ ဇွန်လဆန်းမှစ၌ တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ပြီး ဇူလိုင်လဆန်းပိုင်းတွင်တိုက်ပွဲများသည် ဖားကန့်မြို့ပေါ်အထိရောက်ရှိလာခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ် နှင့် တိုက်ပွဲမဖြစ်သည့်အချိန်များ၌မှာ စစ်တပ်ကလက်နက်ကြီးများပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သား သေဆုံးသူဦးရေ ၂ဝဦးထက်မနည်းရှိနေပြီဖြစ်သည်။ဇူလိုင်လ ၂ရက်ည၌ တိုက်ပွဲတွင်ဆွတ်ဘွမ်ရွာအတွင်း နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အရပ်သားနှစ်ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင် ၅ ရက် ညနေပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေဆဲဖြစ်ပြီး လေကြောင်းအန္တရာယ်သတိပြုကြရန် KIA၊ KPDF ကသတိပေးထားသည်။

“မြစ်ကြီးနားလေတပ်က‌နေ ဖားကန့်ဘက်ကို ဂျက်ဖိုက်တာပျံလာတာရှိတယ်။လေကြောင်းအန္တရာယ်ကြီးမားဆုံးကာလဟုတ်တယ်”ဟုKPDF နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖားကန့်တွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် လုံခြုံရေးသတိပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။