Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့နယ်တွင် စစ်တပ် တပ်စွဲထားသည့် မွှာလ်ပီးရွာကို ချင်းပူးပေါင်းတပ် သိမ်းပိုက်

ချင်းပြည်နယ် တီးတိန်မြို့နယ် မွှာလ်ပီးကျေးရွာ၌ တစ်လခွဲကျော် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ယနေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

မွှာပီးကျေးရွာအနီး စစ်ကောင်စီယာယီတပ်စွဲထားသည့်စခန်းများကို သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-​ပေးပို့

ဇူလိုင်-၅၊၂၀၂၅။ထားမြတ်/People’s Spring

ချင်းပြည်နယ် တီးတိန်မြို့နယ် မွှာလ်ပီးကျေးရွာ၌ တစ်လခွဲကျော် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ယနေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

မေလ ၁၈ ရက်တွင်စစ်ကိုင်းတိုင်းကလေးမြို့မှတီးတိန်မြို့နယ် သိုင်းငင်းမြို့ဘက်သို့ ထိုးစစ်ဆင်လာသည့် စစ်တပ်စစ်​ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ကခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်က မွှာလ်ပီးရွာ၌ အခြေချတပ်စွဲပြီး အင်

အားဖြည့်တင်း ထိုးစစ်ဆင်မှုများ ထပ်မံလုပ်ခဲ့သည်။ အဆိုပါ စစ်တပ်ခြေကုတ်တပ်စွဲထားသည့် မွှာလ်ပီးရွာကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က ဇူလိုင် ၅ ရက်မနက် ၆နာရီတွင် ထိုးစစ်ဆင်ခဲ့ရာ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမှာ စစ်ကောင်စီ တပ်က အထိအခိုက်အကျအဆုံးများစွာနဲ့ ကလေးမြို့အထိ ပြန်ဆုတ်သွားတယ် ထွက်ပြေးသွားတယ်လို့ ပြောတယ်။ ယနေ့(ဇူလိုင် ၅) ညနေပိုင်း ၅နာရီ ဝန်းကျင်မှာအပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းနဲ့ ရန်သူအလောင်းတွေလည်း သိမ်းဆည်းမိတာရှိပါတယ်လို့ ရှေ့တန်းက သတင်းရတယ်” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲတွင်ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)မှ ရဲဘော် ၁ဦး ကျဆုံးခဲ့သည်ဟု လည်း သတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်မြောက်ပိုင်းသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင် အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်များ နှင့်အတူ ကလေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ကပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ချင်းတော်လှန်ရေးပူးပေါင်းတပ်သည် ဇွန်လကုန်ပိုင်းကလည်း မွှာပီးကျေးရွာအနီး စစ်ကောင်စီ ယာယီတပ်စွဲထားသည့် တပ်စခန်း ၃ ခုကို သိမ်းပိုက်ခဲ့ရာ ထိုစဉ်ကလည်း စစ်တပ်မှဘက်က သေဆုံးထိခိုက်မှုများပြီးအထိနာခဲ့ကာ၊ တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့သည်။ ထိုစဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအချို့နှင့်လက်နက်ခဲယမ်းများကိုလည်း ချင်းပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် ချင်းမြောက်ပိုင်းသို့ ထိုးစစ်ဆင်နေသကဲ့သို့ ချင်းတောင်ပိုင်းသို့လည်း မကွေးတိုင်း ပခုက္ကူမှ တဆင့် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းလျက်ရှိရာလမ်းခုလတ်တွင် တော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်၅၀၀ခန့်သေဆုံးဟုCNA ခန့်မှန်း ၊ချင်းတော်လှန်ရေးရဲဘော် ၅၀ ကျော်ကျဆုံး

သတင်း

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်ထင်းရှူးစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၉လက်နဲ့ စစ်သား ရုပ်အလောင်းအချို့ သိမ်းရတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။