Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ စစ်ပွဲဖြစ်ပွားချိန်နောက်ပိုင်း ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်ထွက်လာတဲ့ ခါမေနီ

အစ္စရေးနဲ့ ရင်ဆိုင်စစ်တိုက်ခဲ့တဲ့ ကာလနောက်ပိုင်း အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

Reuters

အစ္စရေးနဲ့ ရင်ဆိုင်စစ်တိုက်ခဲ့တဲ့ ကာလနောက်ပိုင်း အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

ဘာသာရေး အခြေပြု အုပ်ချုပ်နေတဲ့ အီရန်အစိုးရရဲ့ အသက် ၈၅ နှစ်အရွယ် အဓိပတိကြီးဟာ ဇူလိုင် ၅ ရက်နေ့က တဟီရန်မြို့မှာ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ အစ္စရေးနဲ့ အီရန်တို့ကြား ၁၂ ရက်ကြာ စစ်ရေးပဋိပက္ခ အစပြုခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့နောက်ပိုင်း ခါမေနီကို ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ ပြန်မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အီရန်အစိုးရ မီဒီယာတွေက ရှီးဟိုက်မွတ်ဆလင်တွေရဲ့ အထွဋ်အမြတ် ဘာသာရေး အထိမ်းအမှတ် အာရှူရာနေ့အဖြစ် တခြားသူတွေနဲ့အတူ ဗလီမှာ ရှိနေခဲ့တဲ့ ခါမေနီရဲ့ ဗီဒီယိုတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို တဟီရန် မြို့လယ်မှာရှိတဲ့ အီမမ် ခိုမေနီ ဗလီကြီးမှာ ရိုက်ကူးထားခဲ့တာလို့ အစိုးရ မီဒီယာမှာ ဖော်ပြထားခဲ့ပါတယ်။

ခါမေနီဟာ ဇွန်လ ၁၃ ရက်ကနေ ၂၅ ရက်နေ့ထိ ကြာမြင့်ခဲ့တဲ့ အစ္စရေးနဲ့ စစ်ရေးပဋိပက္ခ အတောအတွင်း တောက်လျှောက် ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြားမှာ သူ့ရဲ့ မိန့်ခွန်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လျှို့ဝှက်နေရာ တစ်ခုမှာ အသံသွင်းပြီးမှ ထုတ်ပြန်တာမျိုးပါ။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အစ္စရေးဟာ ခါမေနီ ပုန်းအောင်းနေတဲ့ နေရာကို သိထားပြီး သုတ်သင် ရှင်းလင်းဖို့ထိ ရည်ရွယ်ခဲ့ပေမယ့် သူက ကြားဝင် တားဆီးထားခဲ့တာလို့ ပြောပါတယ်။

အစ္စရေးနဲ့ နှစ်ဖက် အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်မှာ လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ စစ်ဘက် ထိပ်တန်းအရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေလည်း ပါဝင်ကြောင်း အီရန် အစိုးရက အတည်ပြုထားပါတယ်။ အစ္စရေးဖက်မှာတော့ လူ ၂၈ ဦးလောက် အသေအပျောက် ရှိခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အစ္စရေးရော၊ အီရန်ပါ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အဲဒီ စစ်ပွဲအတွင်း အမေရိကန်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန် နျူကလီးယား သုတေသန စခန်းတွေကိုလည်း ပါဝင် ဗုံးကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့တယ်လို့ အီရန်က ဝန်ခံခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကြားဖြတ် သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အမေရိကန် ဒရုန်း ရေငုပ်သင်္ဘောကို အီရန်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ရေနံတင် သင်္ဘော ၅ စီးကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့နောက် ဂျော်ဒန်မှာ ရှိနေတဲ့ အမေရိကန် စစ်စခန်း တစ်ခုကို အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ပိုပြီးမြန်မြန်၊ ပိုပြီးပြင်းပြင်းထန်ထန်နဲ့ နာနာကျင်ကျင် ထိုးနှက်သွားမယ်လို့ အီရန်က ခြိမ်းခြောက်လိုက်ပါတယ်။

Facebook