Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ စစ်ပွဲဖြစ်ပွားချိန်နောက်ပိုင်း ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်ထွက်လာတဲ့ ခါမေနီ

အစ္စရေးနဲ့ ရင်ဆိုင်စစ်တိုက်ခဲ့တဲ့ ကာလနောက်ပိုင်း အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

Reuters

အစ္စရေးနဲ့ ရင်ဆိုင်စစ်တိုက်ခဲ့တဲ့ ကာလနောက်ပိုင်း အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီဟာ ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

ဘာသာရေး အခြေပြု အုပ်ချုပ်နေတဲ့ အီရန်အစိုးရရဲ့ အသက် ၈၅ နှစ်အရွယ် အဓိပတိကြီးဟာ ဇူလိုင် ၅ ရက်နေ့က တဟီရန်မြို့မှာ အခမ်းအနား တစ်ခုကို တက်ရောက်ခဲ့ပါတယ်။ ဒါဟာ အစ္စရေးနဲ့ အီရန်တို့ကြား ၁၂ ရက်ကြာ စစ်ရေးပဋိပက္ခ အစပြုခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့နောက်ပိုင်း ခါမေနီကို ပထမဆုံးအကြိမ် လူမြင်ကွင်းမှာ ပြန်မြင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အီရန်အစိုးရ မီဒီယာတွေက ရှီးဟိုက်မွတ်ဆလင်တွေရဲ့ အထွဋ်အမြတ် ဘာသာရေး အထိမ်းအမှတ် အာရှူရာနေ့အဖြစ် တခြားသူတွေနဲ့အတူ ဗလီမှာ ရှိနေခဲ့တဲ့ ခါမေနီရဲ့ ဗီဒီယိုတွေကို ထုတ်လွှင့် ပြသခဲ့ပါတယ်။ အဲဒီ ဗီဒီယိုကို တဟီရန် မြို့လယ်မှာရှိတဲ့ အီမမ် ခိုမေနီ ဗလီကြီးမှာ ရိုက်ကူးထားခဲ့တာလို့ အစိုးရ မီဒီယာမှာ ဖော်ပြထားခဲ့ပါတယ်။

ခါမေနီဟာ ဇွန်လ ၁၃ ရက်ကနေ ၂၅ ရက်နေ့ထိ ကြာမြင့်ခဲ့တဲ့ အစ္စရေးနဲ့ စစ်ရေးပဋိပက္ခ အတောအတွင်း တောက်လျှောက် ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီကြားမှာ သူ့ရဲ့ မိန့်ခွန်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လျှို့ဝှက်နေရာ တစ်ခုမှာ အသံသွင်းပြီးမှ ထုတ်ပြန်တာမျိုးပါ။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အစ္စရေးဟာ ခါမေနီ ပုန်းအောင်းနေတဲ့ နေရာကို သိထားပြီး သုတ်သင် ရှင်းလင်းဖို့ထိ ရည်ရွယ်ခဲ့ပေမယ့် သူက ကြားဝင် တားဆီးထားခဲ့တာလို့ ပြောပါတယ်။

အစ္စရေးနဲ့ နှစ်ဖက် အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အီရန်မှာ လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီထဲမှာ စစ်ဘက် ထိပ်တန်းအရာရှိတွေနဲ့ နျူကလီးယား သိပ္ပံပညာရှင်တွေလည်း ပါဝင်ကြောင်း အီရန် အစိုးရက အတည်ပြုထားပါတယ်။ အစ္စရေးဖက်မှာတော့ လူ ၂၈ ဦးလောက် အသေအပျောက် ရှိခဲ့ပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာတော့ အမေရိကန်ရဲ့ ဖိအားပေးမှုကြောင့် အစ္စရေးရော၊ အီရန်ပါ အပစ်အခတ် ရပ်စဲခဲ့ပါတယ်။ အဲဒီ စစ်ပွဲအတွင်း အမေရိကန်ဟာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန် နျူကလီးယား သုတေသန စခန်းတွေကိုလည်း ပါဝင် ဗုံးကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြား ရှိခဲ့တယ်လို့ အီရန်က ဝန်ခံခဲ့ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း...

နိုင်ငံတကာ

မကြာခင် ရက်ပိုင်းအတွင်း အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုတွေ ပြန်စလာနိုင်ကြောင်း အမေရိကန် သံအရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။